Quantcast
Channel: သုတဘဏ်တိုက် Knowledge Bank
Viewing all articles
Browse latest Browse all 98

Human Right and Buddhist Right

$
0
0


လူ့သားအခွင့်အရေးနှင့်ဗုဒ္ဓကိုယုံသူအခွင့်အရေး
Human Right and Buddhist Right


ဖြူဖွေးအေးမြဆောင်းနှင်းစများဖြင့်မိုးကုန်လို့ဆောင်းဦးကာလကိုချဉ်းနှင်းဝင်ရောက်ခါစအေးမြတဲ့ဆောင်းညများကိုကြည်လင်ရွှင်မြူးစွာလှမ်းကြိုနေတဲ့ဟေမာန်ဦးကာလအချိန်

၂၁ရာစု၏ရှေးဦးပိုင်းကာလယခုလိုအချိန်များသည်ကားလူသားသမိုင်းတွင်တစ်ခါမှမကြုံစဖူးထူးကဲစွာဖြင့်လူသားတို့၏နှလုံးရည်တိုက်ပွဲ(Third War)များကိုကမ္ဘာအနှံ့မှအချိန်တိုင်း၊နေ့တိုင်းကြားနေရ၊မြင်နေကြရ၏။ကမ္ဘာ့အရှေ့အလယ်ပိုင်းနှင့်ကမ္ဘာ့အနောက်ဘက်အခြမ်းတို့မှမြန်မာ့ပိုင်နက်ထဲသို့နေ့စဉ်လိုလိုဝင်ရောက်လျက်ရှိသောအင်တာနက်၊တီဗီ၊ရေဒီယိုအသံလှိုင်းများမှတစ်ဆင့်လာသောနှလုံးရည်ျွန်သံ၊တိုက်ပွဲသံတို့သည်ကားအေးချမ်းလှပတဲ့ဆောင်းညချမ်းဦးများကိုပူလောင်စေ၊အရုပ်ဆိုးစေပြန်၏။ထိုအထဲမှအပူလောင်ဆုံး၊အရုပ်အဆိုးဆုံးဖြစ်စေသောစကားတစ်ခွန်းမှာ… Human Right, လူ့အခွင့်အရေးဟူ၍ဖြစ်၏။


“Human Right’ လူ့အခွင့်အရေးဟူသောစကားကိုပုံမှန်ဖြစ်ရိုးထက်ထူးကဲပိုလွန်စွာပြောနေကြားနေရသည်မှာဒီမြန်မာ့ဟေမာန်ဦးအချိန်၏ထူးခြားမူတစ်ခုပင်ဖြစ်သည်။ယင်းလေသံများသည်လည်းမိုင်ပေါင်းထောင်သောင်းချီဖြတ်ကျော်၍မြန်မာ့နယ်မြေသို့နေ့စဉ်နှင့်အမျှချဉ်းနှင်းဝင်ရောက်တိုးဝှေ့နေခြင်းဖြစ်၏။(ဘာကြောင့်ဝင်ရတယ်ဆိုတာကိုခြေရာလိုက်မကောက်ခင်) အဲဒီ Human Right ဆိုတဲ့စကားဘယ်အချိန်ကနေဘာကြောင့်စတင်ပေါ်လာခဲ့တယ်ဆိုတာကိုစတင်လေ့လာကြည့်ရမည်ဖြစ်သည်။



Human Right ဆိုသောစကားကို၁၉၄၈ခုနှစ်ဒီဇင်ဘာ၁၀နေ့တွင်United NationsGeneral Assemblyမှစတင်မွေးဖွားပေးလိုက်ခြင်းဖြစ်သည်။အမေရိကန်နှင့်ဂျပန်များကြောင့်ပုလေးဆိပ်ကမ်း၊နာဂါဆာကီမြို့နှင့်ဟီရိုရှီးမားမြို့ဗုံးဒဏ်များနှင့်အတူ ဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်ပေးလိုက်သောအချိန်။လူသားများသည်လည်း၁၉၃၉မှစတင်၍၁၉၄၅အထိဖြစ်ခဲ့သောဒုတိယကမ္ဘာစစ်တစ်လျောက်လုံးဘေးဒဏ်များမှရရှိသောခါးသီးလှတဲ့သင်္ခန်းစာများကိုပြန်မတိုးစေရန်အထူးသတိထား၍ကမ္ဘာ့နိုင်ငံများနှင့်ယင်းနိုင်ငံများတွင်နေထိုင်သောလူသားများအားလုံးလိုက်နာရမည့်နိုင်ငံတကာဥပဒေ(International Law)နှင့်ယင်းဥပဒေများ၏အကျိုးရလာဒ်များကိုလူသားတစ်ဦးချင်းစီရရှိစတင်ထဲ့သွင်းသတ်မှတ်လာခဲ့ခြင်းဖြစ်သည်။


စာရေးသူသည်တက္ကသိုလ်စာသင်ချိန်တစ်ခုတွင် Human Right Subject ကိုပြနေသောဆရာမကိုမွေးခွန်းတစ်ခုမေးလှမ်းမေး၏“Are Human Right and Buddhist Right different or not?” ဟု ဖြစ်၏။ Lectures ပေးနေသောဆရာမသည်အကြောင်းများဖြင့်တူသည်ဟုပြန်ဖြေ၏။သူ၏ Reason များမှာ Human Right ဟူသည်လူသားတစ်ယောက်ချင်းစီ၏အခြေခံမွေးရာပါအခွင့်အရေးများဖြစ်၏၊ယင်းအခွင့်အရေးများနှင့်အတူလူသားဖြစ်တည်ခွင့်ကိုနိုင်ငံတိုင်း၊လူသားတိုင်းလိုက်နာရေးပင်ဖြစ်သည်။Buddhist Right များတွင်လည်းပါဏာတိပါတကံကိုရှောင်ကြည်လိုက်နာရမည်ဟုဆိုထားခြင်းသည်တူညီနေခြင်းပင်ဖြစ်သည်။ယင်းသည်ပင်လျင် Universal Truth ဟုစာရေးသူကိုပြန်ဖြေ၏။


စာရေးသူကမူ၎င်းနှစ်ခုသည်တူညီ၏ဟုဆိုခြင်းကိုငြင်းဆန်လိုက်၏။အကြောင်းမှာ.. မတူသောကြာင့်ပင်ဖြစ်သည်။မည့်သို့မတူညီသနည်းဟူမူ
Human Right ဟူသည် Majority Law, Minority Right ဖြစ်၍ Only Human ကို Focus လုပ်ခြင်းဖြစ်သည်(ဆရာမကလည်းလက်ခံ၏) Buddhist Right ဟူသည်ကား Natural Truth ဖြစ်၍ All living beings (သက်ရှိသတ္တ၀ါအားလုံး)ကိုဗဟိုပြုပေးထားခြင်းဖြစ်သည်။ထိုသက်ရှိသတ္တ၀ါအားလုံးကိုလည်းအကာကွယ်ပေးထား၍သက်ရှိအားလုံးတို့၏အမှန်တရားတစ်ခုလည်းဖြစ်သည်။ထို့ကြောင့် Natural Truth ဖြစ်သော Buddhist Right ကို Universal Truth ဟုဆိုပါကလက်ခံနိုင်သော်လည်းလူသားတစ်ခုတည်းအတွက်သာကာကွယ်ပေးထားသော၊လူသားတစ်ခုတည်းအတွက်သာမှန်ကန်နေသော Human Right သည် Universal Truth ဟုဆိုခြင်းကိုလက်မခံနိုင်ပါဟုငြင်းပယ်ရခြင်းဖြစ်သည်။


ဆောင်းဦးကာလဖြစ်ပျက်ခဲ့သမျှသောမြန်မာ့ရာသီဥတုကိုခြုံငုံကြည့်သော်လူအုပ်စုနှစ်ခုကိုတွေ့မြင်နိုင်သည်။တစ်ခုမှာမြန်မာ့တို့ရဲ့အေးမြလှပတဲ့ဆောင်းညများကိုအဓိပ္ပါယ်မဲ့စေသူ OIC တို့၏နှလုံးရည်ချွန်သံ“Human Right, လူ့အခွင့်အရေးဟူသောစကား၏ လက်သည်များဖြစ်၏။ ထိုနှလုံးရည်ချွန်သံများသည်ကမ္ဘာမှာအန္တရာယ်ကြီးလှသောအပူလှိုင်းကြောသဖွယ်ဖြစ်၍ထိုစကား၏လက်သည်များသည်ကားမွေးကင်းစအားနွဲ့နေသောကြက်မကြီးနှင့်သား၊သမီးတစ်သိုက်ကိုအပါသုတ်ချီမည့်အကြင်နာမဲ့လင်းတငှက်ကြီးတစ်ကောင်နှင့်ဆင်တူနေပြန်၏။ နောက်တစ်မျိုးမှာလင်းတငှက်ကြီး၏အန္တရာယ်၊ကမ္ဘာ့အပူလှိုင်းအန္တရာယ်နှင့် OICနှလုံးရည်ချွန်သံကိုတစ်လက်မမျှနောက်ဆုတ်မခံပြန်တွန်းလှန်ကာကွယ်မည့်မွေးကင်းစကြက်မကြီးနှင့်သား၊သမီးတစ်သိုက်သမာဒို့မြန်မာများအုပ်စုဖြစ်၏။


ဒီနေရာမှာကြက်မကြီးသဖွယ်နိုင်ငံခေါင်းဆောင်သို့မဟုတ်လူထူခေါင်းဆောင်များ၏ကာကွယ်ခွင့်ကိုအနည်းငယ် ခြေရာခံကြည့်သော်အောက်ပါကဲ့သို့သောရဲရင့်ပြတ်သားစွာဖြင့်ကာကွယ်မှုအပြည့်ပေးသောကြက်မများ၏တွန်ဟီးသံများကိုလည်းကြားနိုင်ပေသည်။

ဂျူးဘာသာဝင်တွေအများဆုံးနေထိုင်တဲ့ အစ္စရေးနိုင်ငံကို ၀န်းရံနေသော ပါလက်စတိုင်းစသော မူဆလင်နိုင်ငံများက ရည်ရွယ်သော်ဟုတ်၊ မရည်ရွယ်သော်ဟုတ် လက်နက်များကျလာတိုင်းပြန်တုန့်ပြန်ကာကွယ်လို၍တိုက်ခိုက်လေ့ရှိတတ်သည်။ထိုအခါမူဆလင်နိုင်ငံများကအစ္စရေးနိုင်ငံကိုဝိုင်းဝန်းပြောဆိုအပြစ်တင်သောအခါအမေရိကန်ကတုန့်ပြန်ပြောသောစကားမှာပြန်လည်ခုခံကာကွယ်ခွင့်ကိုလေးစားကြရမယ်၊ထောက်ခံဖို့လိုအပ်တယ်ဟုကာကွယ်ပေးလေ့ရှိတတ်သည်။သြစတြေးလျနိုင်ငံဝန်ကြီးချုပ်Julia Gillard ကမူဒို့နိုင်ငံကမူဆလင်တွေကိုလာဖို့၊နေဖို့ဖိတ်ခေါ်ထားတာမဟုတ်ပါဘူး။ဒို့နိုင်ငံကိုအခက်ခဲဒုက္ခကြောင့်လာနေထိုင်တာကိုတော့လူသားချင်းစာနာလို့နေထိုင်ခွင့်ပြုထားပါတယ်။ဒါပေမဲ့နိုင်ငံတော်၏ဥပဒေကိုလေးစားလိုက်နာရမယ်။သူတို့နှင့်မလျော်လို့နိုင်ငံဥပဒေကိုပြင်ဖို့တောင်းဆိုလာရင်လုံးဝမလိုအပ်ပါဘူး။ဒို့နိုင်ငံအတွင်းမှာဒို့တည်ဆဲဥပဒေကိုလိုက်နာမနေနိုင်ရင်ထွက်ကြားကြပါ။ဟုကြက်မကြီးကအတောင်ကောင်းကောင်းနှင့်ကာကွယ်ပေးတတ်၏။


မည်သို့ပင်ဆိုစေကာမူကျူးကျော်သူနှင့်ခုခံကာကွယ်သူနှစ်မျိုးတွင်လူသားဆန်သူတို့သည်ကားခုခံကာကွယ်သူကိုထောက်ခံအားပေးဖို့ဝန်မလေးတတ်ကြပါပေ။လူသည်လူ့အသိုက်အမြုံနှင့်မကင်းနိုင်၍ယင်းကိုကာကွယ်ပေးရမည့်တာဝန်လည်းရှိကြ၏။ လူသားနှင့် နိုင်ငံတခုချင်းစီ၏ အနှစ်သာရတန်ဖိုးများတည်မှီရာ အနာဂါတ် အိပ်မက်ကောင်းများ ကိုယ်စီရှိတတ်ကြသည်။ ယင်းအသက်သွေးကြော အိပ်မက်များကို အကာကွယ်ပေးဖို့လည်း အရေးကြီးလှပေ၏။ကိုယ့်နိုင်ငံ၊လူမျိုးနှင့်ဘာသာများကိုခုခံကာကွယ်လျက်အနာဂါတ်လှပရေးအိပ်မက်များဖြင့်တောက်ပြောင်နေသောဒို့မြန်မာသည်ကားလူသားဆန်သူတို့အတွက်မူအပြုသဘောဆောင်သောလက်ခုပ်သံများကကမ္ဘာကိုပဲ့တင်ရိုက်သွားစေ၏။
အလှည့်ပြောင်းတစ်ခုမှအားနည်းချက်များကိုရှာ၍အခွင့်ရေးများကိုလိုက်ချောင်းနေသောလူ့အခွင့်ရေးအရေခြုံလူ့ဘီလူးကြီးများသည်ကားအပြစ်မရှိအပြစ်ရှာ၍မြန်မာကိုကမ္ဘာမှာသိက္ခာမဲ့စေပြန်၏။


မြန်မာကို လူ့အခွင့်အရေးစကားဖြင့် ကမ္ဘာ့အလယ်မှာ သိမ်ငယ်စေသူများ၏ ဖြစ်တည်ခွင့် လမ်းစဉ်များကိုပြန်ကြည့်သော် ဒီနေ့ကမ္ဘာမှာ လူ့အခွင့်အရေးအဆိုးရွားဆုံး လက်တွေ့ဖြစ်ရပ် များဖြင့် ပြည့်နှက်နေသော ဒေသများအဖြစ် တွေ့မြင်ကြမှာဖြစ်ပါတယ်။
ထိုဒေသများမှ လူသားများသည် မြန်မာနိုင်ငံနှင့် ကမ္ဘာ့မြေပေါ်မှ လူသားများ၏ မွေးရာပါ လူသားအခွင့်အရေးများကို ပြောနေ၊ တောင်းဆိုနေမည့်အစား ကိုယ့်ကိုပြန်လှည့်ကာ နိုင်ငံတကာမှချမှတ်ပေးထားသော မွေးရာပါ လူသားအခွင့်အရေးများကို အပြည့်အ၀ရရှိဖို့ ပထမ အရေးထား တောင်းဆို လုပ်ဆောင်သင့်ပေသည်။


မြန်မာများကျင့်သုံးသော Buddhist Right ဗုဒ္ဓဘာသာဝင်များ၏ အခွင့်အရေးသည် ဒီနေ့ကမ္ဘာ့မျက်နှာစာပေါ်မှ Human Right ဆိုသောစကားထက် လူပြောနည်း၊ သေးငယ်သည်ဟု ထင်ကောင်း ထင်နိုင်ပေ၏။ သို့သော် လူသားများသာမက သက်ရှိများ၏ ဖြစ်တည်ခွင့်များကိုလည်း အပြည့်ဝပေးနိုင်သည့် အနှစ်သာအပိုင်းတွင်မူ Buddhist Right သည် အဆများစွာ ကျယ်ပြန့် သာလွန်နေသည်ကို တွေ့ရှိနိုင်ပေသည်။ 

Buddhist Right သည် သဘာဝအားဖြင့်မှန်ကန်သော နိယာမလမ်းကြောင်းပေါ်မှနေ၍ လူကို လူဟု မြင်တတ်ဖို့ရန် အချင်းချင်းမေတ္တာထားမှု၊ နိမ့်သူတွေကို သနားဖို့ ကရုဏာ၊ မြင့်သူတွေအတွက် ၀မ်းမြောက်ပေးဖို့ မုဒိတာ၊ နိမ့်၊မြင့်သူတွေအတွက် မျှတစွာ ကျင့်ကြံဖို့ ဥပေက္ခာ၊ သုစရိတ်တရားများ၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ၊ မဂ္ဂင်ရှစ်ပါးနှင့် သစ္စာလေးပါး စသော လူ့ပြည်ဖြစ် တန်ဖိုးအမြင့်ဆုံး ရတနာများဖြင့် ဘောင်ကွပ်ပေးထားသော နှလုံးသားနှင့် ပညာမျက်စိတစ်စုံကိုလည်း တပ်ဆင်ပေးထားပေသည်။


မြန်မာတို့၏ ယဉ်ကျေးမှုများနှင့် လူသားဆန်မှု ကျင့်ဝတ် ဂုဏ်တန်ဖိုးများကို ဆောင်ကြဉ်းထားသော Buddhist Right များသည်ကား ခေတ်စနစ် ယိုယွင်းပျက်စီးနေခြင်းကြောင့် ဆယ်စုနှစ်ငါးခုကြာမျှ မီးကျီးပြာဖုံး၊ ၀က်စားကျင်းမှ ပတ္တမြားကဲ့သို့ ဖြစ်နေခဲ့ရသည်။ ထိုပတ္တမြားများ၏ တန်ဖိုးပျောက်ကွယ်နေခဲ့ရသကဲ့သို့ ဖုံးဖိခံ ပတ္တမြားနှလုံးသား ပိုင်ရှင်များဖြစ်သော မြန်မာတို့၏ ဂုဏ်တန်ဖိုးသည်လည်း ၀က်စားကျင်းမှာသာမက ကမ္ဘာမှာပါ ပျောက်ကွယ်လျက် အမေ့ခံ၊ အပယ်ခံလူသားများအဖြစ် အထီးကျန်လှတဲ့ ခရီးရှည်ကြီးကို သိမ်ငယ်စွာဖြင့် ဖြတ်သန်းခဲ့ကြရပေသည်။ မြန်မာ၏ အဘက်ဘက်မှ နိမ့်ကျခြင်း၊ ဆင်းရဲခြင်းတို့သည်ကား ဖုံးဖိခံ ပတ္တမြားနှင့်တူသော ဘာသာရေးကြောင့် မဟုတ်ပဲ၊ ညစ်ပေနေသော ၀က်စားကျင်းသဖွယ် စနစ်ဆိုးကြောင့်ပင်ဖြစ်သည်ကို အကြောင်းမှန်ကို ခြင်္သေ့များလို မှန်ကန်စွာ လိုက်ရှာနိုင်စွမ်းသူများသည်ကား ရှင်းလင်းစွာ မြင်တွေ့ခဲ့ပြီးဖြစ်ပေသည်။


မည်သို့ပင် အတိတ်တွင် ဖြစ်ပျက်ခဲ့ပါစေ စနစ်သစ်များနှင့် မြန်ဆန်စွာပြောင်းလဲလာသော မြန်မာနှင့်အတူ အနာဂါတ် လင်းလက်ခွင့်များအတွက် ဒီနေ့ဆိုတဲ့ အချိန်တွေကို တန်ဖိုးထားခြင်းဖြင့် လူသားတန်ဖိုးကို ဖေါ်ကျူးဖို့ လိုအပ်လာပေသည်။ မြန်မာတို့၏ ယဉ်ကျေးမှု၊ လူ့ကျင်ဝတ်၊ ဂုဏ်တန်ဖိုးများစွာသည် Buddhist Right တွင် တည်မှီနေရကား Buddhist Right ကို ပရိုမိုးရှင်းလုပ်ပေးခြင်းဖြင့် ဒို့များ၏ ဂုဏ်တန်ဖိုးကိုလည်း ကမ္ဘာ့အလယ်တွင် Human Right သမားများကို Beyond ဖြစ်အောင် ကြိုးစားကြ၊ စောင့်ထိန်းကြရမှာဖြစ်သည်။ လက်ရှိတွင် Buddhist Right ကို ဘယ်လောက်ပင် ကမ္ဘာ့အပြော၊ အမြင်အားဖြင့် ကျဉ်းမြောင်း၊ သေးငယ်သည်ဟု ထင်ကြပါစေ၊ လက်တွေ့အနှစ်သာရပိုင်းတွင် များစွာကျယ်ပြန့် သာလွန်နေကြောင်းကို မြန်မာများ သက်သေပြကြရမည့်  ခေတ်စနစ်နှင့် ရောသမမွှေထားသော ဘ၀ပေးတာဝန် တစ်ရပ်ပင်ဖြစ်သည်။


Human Right အပူလိုင်းများဖြင့် ဘယ်လောက်ပင် မြန်မာတို့၏ အေးချမ်းလှပသော ဆောင်ညများကို ဖျက်ဆီးနေကြပါစေ၊ Buddhist Right ကိုမြှင့်တင်ပေးခြင်းဖြင့် မြန်မာတို့၏ တန်ဖိုးဂုဏ်သိက္ခာများနှင့်အတူ အေးချမ်း၊ လှပတဲ့ဆောင်းဦးညများကို ပြန်လည်လန်းဆန်း လှပလာစေဖို့ အားလုံးဝိုင်းဝန်း အသက်သွင်းကြပါစို့…..။

အရှင်ပညာ
၂၁.၁၁.၂၀၁၂

ကိုးကားဆိုက်များ
1.    http://en.wikipedia.org/wiki/Human_Rights_Day
2.    http://en.wikipedia.org/wiki/World_War_II
3. .http://concernedamericancitizens.wordpress.com/category/australian-prime-minister-understands-how-to-make-muslims-assimilate/
4.    http://en.wikipedia.org/wiki/Prime_Minister_of_Australia
5.    http://www.buddhanet.net/e-learning/5minbud.htm

Viewing all articles
Browse latest Browse all 98

Trending Articles