Quantcast
Channel: သုတဘဏ်တိုက် Knowledge Bank
Viewing all articles
Browse latest Browse all 98

ကောာင်းကျိုးတရားကို ဘောင်ခတ်သင့်သလား

$
0
0

ကမ္ဘာပေါ်ရှိ ဘာသာတရားများသည် “လူသားဗဟိုပြု အကျိုးစီးပွါးများအတွက် ပေါ်ပေါက်လာခြင်းဖြစ်သည်”…ဟူသော ဘုံရည်ရွယ်ချက်ကို ဘာသာတိုင်းတွင် တွေ့ရှိနိုင်ပါသည်။ ယင်းရည်ရွယ်ချက်သည် ခေတ်သုံး By people, for people, of people- စကားနှင့်လည်း တထပ်တည်းဖြစ်၏။

လူသားပြု၊၊ ကမ္ဘာပြုအတွက် ပေါ်ထွက်လာသော ဘာသာပြုသူတို့၏ မွန်မြတ်သော ရည်ရွယ်ချက်များမှာ အထူးပင် ခန့်ညားလွန်းပါသည်။ အထင်ကြီးလောက်ဖွယ်ရာ ရည်ရွယ်ချက်နှင့် လုပ်ရပ်များကိုလည်း စံပြကျင့်သုံးခဲ့သော၊ ၄င်းပုဂ္ဂိုလ်တို့မှာကား လူလောကကို အကျဉ်းတန်စေသော ဒီဘာသာ၊ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက်သာ ဟူသော “ကောင်းကျိုးတရားကို ဘောင်ခတ်ခြင်း” သည် အလျဉ်းရှိကြလိမ့်မည် မဟုတ်ပေ။



အပူလွှမ်း၍ အပျက်ဘက်သို့ ဇောင်းပေးမြဲ၊ ဆက်လုပ်မြဲဖြစ်သော ယနေ့ကမ္ဘာ၊ ယနေ့ လူ့ဘောင်၌ ဘာသာတရားတိုင်းတွင် ဘောင်ခတ်ခြင်း။ နိုင်ငံတိုင်းတွင် စည်းခတ်ခြင်း(ဥပဒေ)တို့သည် “ကောင်းသည်”ဟု ယူဆဖွယ်ရာရှိ၏။

သို့သော်… ဘောင်မဲ့ ကောင်းကျိုးတရားများရှင်သန်လာတဲ့ တစ်ချိန်။ လူ့ကျင့်ဝတ်၊လူ့သိက္ခာများ။ လူ့တန်ဖိုးတရားများထွန်းကားလာတဲ့ တစ်ချိန်။ အအေးလွှမ်း၍ အပြုဘက်သို့ ဇောင်းပေးရာ ကမ္ဘာပြု(အစ) အချိန်။
လူသားတို့ အဇ္ဈတ္တကမ္ဘာ ငြိမ်းချမ်းလာတဲ့ တစ်ချိန်မှာတော့...
ဘာသာတရားတိုင်းတွင် ဘောင်ခတ်ခြင်း။ နိုင်ငံတိုင်းတွင် စည်း(ဥပဒေ) ထားခြင်းတို့သည် လူသားများအတွက် ရှက်ဖွယ်လိလိ ဖြစ်ဖွယ်ရှိ၏။

လူ့ဘောင်၊ နိုင်ငံ၊ ပြောင်းလဲမှုများနှင့်အတူ"ကျွဲကူး ရေပါ"ပါလာသော ဘောင်များ၊ စည်းများမှ လွတ်ကင်းလိုပါလျင် ကိုယ့်လောကနှင့်၊ ကိုယ့်ဝန်းကျင် တိုးတက်ပြီး၊ ငြိမ်းချမ်းပြီးသော နေရာ ဖြစ်အောင်လုပ်ဖို့ အဓိက လိုအပ်လှ၏- ဟု သုံးသပ်မိပါသည်။

အတွေး....ငြိမ်းချမ်းလိုမှုဘုံရည်ရွယ်ချက်ချင်းလည်း တူကြ၏။
လူသားချင်းလည်း တူကြ၏။
မွေးမျိုး၊ သေမျိုးချင်းလည်း တူကြ၏။
ထို့ကြောင့် ပျော်ရွှင် ငြိမ်းချမ်းခြင်းချင်း... တူညီတဲ့ နေ့ရက်ကို........

အရှင်ပညာ
12.11.2014

Viewing all articles
Browse latest Browse all 98

Trending Articles