၁။မူလအခြေခံသဘောတရား
၂။ ကျင့်ဝတ်သိက္ခာ
မူလအခြေခံသဘောတရားများ
မြန်မာနိုင်ငံရေးဆိုင်ရာ အယူအဆများသည် အခြေခံအားဖြင့် ဘာသာရေးဆိုင်ရာ အဆုံးအမများမှ ဆင်းသက်လာသည်ဟု ယူဆရပါသည် ... ။
ဥပမာအားဖြင့် ... မြန်မာနိုင်ငံ၏ သမိုင်း အထောက်အထားများအရ အနော်ရထားမင်းမှသည် သီပေါမင်းအထိ ... ခတ်အဆက်ဆက်၌ ကျင့်သုံးခဲ့သော အုပ်ချုပ်ရေး စနစ်များသည် အကြွင်းမဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်အတွင်း ဖြတ်သန်းခဲ့သည်သာ ဖြစ်ပေသည် ... ။ ထို့ကြောင့် ရှေးခေတ်မြန်မာနိုင်ငံရေး အယူအဆ၌ ထူးခြားသော ... အတွေးအခေါ် အယူအဆများ ... မတွေ့ရဘဲ
မင်းကျင့်တရား (၁၀) ပါး
နာယကဂုဏ် (၆) ပါး
ဟူသော ကျင့်ဝတ် သိက္ခာများအပေါ် အခြေတည်၍ တိုင်းပြည်အား စီမံ အုပ်ချုပ် ခဲ့ကြလေသည်။
မင်းကျင့်တရား(၁၀)ပါး
1. လှူဒါန်းခြင်း
2. သီလဆောက်တည်ခြင်း
3. ပေးကမ်းစွန့်ကြဲခြင်း
4. ရိုးသား တည်ကြည် ဖြောင့်မတ်ခြင်း
5. နူးညံ့ သိမ်မွေ့ခြင်း
6. အဌင်္ဂသီလ ဆောက်တည်ခြင်း
7. အမျက် မထွက်ခြင်း
8. သည်းခံခြင်း
9. ပြည်သူကို မညှဉ်းဆဲခြင်း
10. ပြည်သူကို မဆန့်ကျင်ခြင်း စသည်တို့ဖြစ်ပါ၏။
(မှန်နန်းမဟာ ရာဇ၀င်တော်ကြီး။ စာ -၃၈)
ထို့ကြောင့် မြန်မာနိုင်ငံရေး အယူအဆများ၏ မူလ အခြေခံ အကြောင်းတရားများသည် ... မင်းကျင့်တရား (၁၀) ပါး ဟူသော ကျင့်ဝတ် သိက္ခာများပင် ဖြစ်ပေသည် ... ။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ... တိုင်းပြည်အား စီမံအုပ်ချုပ်သော စနစ်အားဖြင့် (၂) မျိုး (၂) စား ရှိခဲ့ပြီး တနည်းအားဖြင့် ... မြန်မာနိုင်ငံ သမိုင်းတလျောက် ထွန်းကားခဲ့သော ... အကြွင်းမဲ့ သက်ဦးဆံပိုင် စနစ်အား လုံးဝ ချုပ်ငြိမ်းစေ၍ သမ္မတနိုင်ငံ ထူထောင်ခဲ့ကြပါသည် ... ။ ထို့သို့ ထူထောင့်ခဲ့ရာ၌ လွတ်လပ်ရေးရပြီး (၁၉၄၈-၁၉၆၂) ထိ ပါလီမန် ဒီမိုဒီမိုကရေစီ စနစ်အား ၁၉၄၇ အခြေခံ ဥပဒေဖြင့် (၁၄) နှစ်ကြာ အုပ်ချုပ်ခဲ့ပါသည် ... ။ (၁၉၆၂) မတ်လ (၂) ရက်နေ့၌ စစ်တပ်မှ အာဏာသိမ်း၍ အုပ်ချုပ်စေပြီး (၁၉၇၄-၁၉၈၈) ထိ စစ်တပ်မှ ခေါင်းဆောင်များ အရပ်ဘက်သို့ အသွင်းပြောင်း၍ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီဟု ခေါ်သော တစ်ပါတီ အုပ်ချုပ်သော စနစ်ဖြင့် (၁၉၇၄) ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြဌာန်းကာ တိုင်းပြည်အား အုပ်ချုပ်ခဲ့ပါသည် ... ။ ဤအခြေအနေများအား လေ့လာသောအခါ ... မြန်မာ့နိုင်ငံရေး၌ အယူအဆ အတွေးအခေါ် များသည် အနောက်တိုင်း နိုင်ငံရေး အတွေးအခေါ် များအပေါ် အခြေခံ၍ တည်ဆောက်ခဲ့ကြသည်ဟု ဆိုရပေမည် ... ။
မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ်၌ ... ရှေးခေတ် မြန်မာ့နိုင်ငံရေး အယူအဆများ၏ သက်ရောက်မှု အတိုင်းအတာ (သို့မဟုတ်) ရှေးခေတ် မြန်မာ့ နိုင်ငံရေး အယူအဆများသည် မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပေါ် မည်မျှ အကျိုးသက်ရောက်မှု ရှိသနည်း ဆိုသော မေးခွန်းအား ဤနေရာမှ ဖြေဆိုလျှင် အကျိုးသက်ရောက်မှု မရှိကြောင်း ... တွေ့ရပေမည်သာ ဖြစ်ပါသည် ... ။ ထို့ကြောင့် မြန်မာ့ နိုင်ငံရေး ... ဆိုင်ရာ အယူအဆများသည် ကိုယ်ပိုင် မူဟန်ပျောက်လျှက်ရှိပြီး နိုင်ငံရပ်ခြား ... ၊ အထူးသဖြင့် အနောက်နိုင်ငံများ၏ အတွေးအခေါ် အယူအဆများမှ ကောင်းနိုးရာရာများအား ရွေးချယ်၍ မြန်မာ့ ယဉ်ကျေးမှု ဓလေ့များနှင့် ကိုက်ညီမည့် ပုံစံများကို ယူဆောင်ပြီး မြန်မာ့နိုင်ငံရေး၏ ပြုပြင်ပြောင်းလဲနေသော ဖြစ်စဉ်တလျှောက် ဆက်စပ် တွေးခေါ်၍ ဆွေးနွေးနေခဲ့ကြဟန် ရှိပါသည် ... ။
သို့သော်လည်း ... မှန်ကန်သော လမ်းစဉ် တစ်ခုကိုကား တိတိကျကျ သတ်မှတ် ချမှတ်နိုင်ခဲ့ခြင်းကား မရှိခဲ့ သေးချေ ... ။ ဤသည်မှာ အဘယ်ကြောင့်နည်း ... ။
ဤအဖြေအား မဖြေဆိုမီ မြန်မာ့ နိုင်ငံရေး ဆိုင်ရာ အချက်အလတ်များအပေါ် လေ့လာရာ၌ အောက်ပါအချက် အလက်များသည် ပြန်လည် သုံးသပ်သင့်ပေသည် ... ။
1. မြန်မာနိုင်ငံသည် အကြွင်းမဲ့သက်ဦးဆံပိုင် ဘုရင်စနစ်အတွင်း ရှည်လျားစွာ ဖြတ်သန်းခဲ့ခြင်း။
2. မြန်မာနိုင်ငံ သမိုင်းတလျောက် နှစ်ပေါင်း တထောင်ကျော်၌ နှစ်ပေါင်းကိုးရာကျော်ခန့်သည် အချင်းချင်းသော်လည်းကောင်း ၊ ပြည်ပနှင့်သော်လည်းကောင်း ရှည်လျားစွာ စစ်မက် ဖြစ်ပွါးနေခဲ့ခြင်း။
3. အနော်ရထားမင်း လက်ထက်မှ ထူထောင်ခဲ့သော မြန်မာနိုင်ငံအား သုံးကြိမ်တိုင်တိုင် ပြန်လည် စုစည်းခဲ့ရခြင်း၊ ထိုစည်းလုံးမှု ပျက်ပြားနေသော ကာလများ၏ အကျိုးဆက်များ။
4. ကမ္ဘာပေါ်၌ ခေတ်စနစ်ပြောင်းလဲကျင့်သုံးနေကြသော်လည်း မြန်မာနိုင်ငံအား အုပ်ချုပ်ခဲ့သော အစိုးရများသည် များသောအားဖြင့် အကြွင်းမဲ့ သက်ဦးဆံပိုင်စနစ်နှင့် အာဏာရှင်စနစ်များသာ ထွန်းကား ခဲ့ခြင်း၊
5. မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တလျောက် ပြုစုပျိုးထောင်ခြင်းထက် ဖျက်ဆီးခြင်း၊ ဖိနှိပ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီး အကျဉ်းချခြင်း၊ နိုင်လို မင်းထက် လုပ်ခြင်း၊ မိမိ အင်အား သာလာပါက တဖတ်သားအပေါ် အနိုင်ယူ ဗိုလ်ကျ လိုခြင်း၊ မနာလိုခြင်း၊ မိမိအနစ်နာ ခံခဲ့ရခြင်းအပေါ် ပြန်လည်၍ အခွင့်ထူးများရယူ လိုခြင်း၊ ရာထူးစည်းစိမ် အထူး မက်မောခြင်း၊ ငွေကြေး၊ တန်စိုးလက်ဆောင် မက်မောခြင်း၊ မိမိ၏အရှိန် အ၀ါဖြင့် မိမိတို့ မိသားစု ဆွေမျိုးသာချင်း ကောင်းစားရေးအား ဦးစွာ လုပ်ဆောင်နေကြခြင်း။
6. စည်းလုံးမှု လုံးဝမရှိခြင်း။
7. စနစ်တကျ တိုင်ပင် စည်းဝေးမှု လုံးဝမရှိခြင်း။
8. လူလူချင်း စာနာစိတ် အလွန် အားနည်းခြင်း။
9. ထေရ၀ါဒ ဗုဒ္ဓဘာသာ လမ်းစဉ်အား ကျင့်သုံးသော နိုင်ငံတော်ဖြစ်သော်လည်း အတ္တ၀ါဒနှင့် အနတ္တ လမ်းစဉ်အား နိုင်ငံရေး၌ မှန်ကန်စွာ သဘောပေါက် နားလည်မှု အလွန်အားနည်းနေခြင်း။
10. ငွေကြေး၊ ရာထူးထက်ပို၍ လူကို တန်းဖိုးထား တတ်သော စိတ်ဓါတ် အလွန် အားနည်းခြင်း။
11. ကျေးဇူးရှင်ကြီး၊ ဆရာကြီးအဖြစ်နှင့်သာ အစဉ်အမြဲ ခံယူလို၍ တပည့် မွေးသော အကျင့်ဆိုးများသာ မြန်မာ့ နိုင်ငံရေး လောက၌ ထွန်းကားနေခြင်း။
12. မိမိ၏ပုဂ္ဂလ အကျိုးစီးပွါးမှလွဲ၍ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတတ်ရေး လုပ်ငန်းများအား လုပ်ဆောင်သော ပုဂ္ဂိုလ်များ အလွန် ရှားပါးနေခြင်း၊
13. ဒေသတစ်ခု၌ ဖြစ်ပေါ်နေသော ပြဿနာ အကြောင်းအရာ တစ်ခုပေါ်တွင် ဖြေရှင်းခြင်းကူညီခြင်း လုပ်ငန်းစဉ်များအား လုပ်ဆောင်ရာ၌ မိမိ၏ အကျိုးစီးပွါးအား ထည့်သွင်း တွက်ချက်၍ အမြတ်ထုတ်တတ် သာ ဖြေရှင်းမှုမျိုးသာ မြန်မာ့ နိုင်ငံရေး လောက၌ ထွန်းကားနေခြင်း။
14. နိုင်ငံရေး ပြဿနာများအား ဖြေရှင်းရာ၌ စုပေါင်းအားဖြင့် လည်းကောင်း၊ မှန်ကန်သော ဦးဆောင်မှုဖြင့် လည်းကောင်း၊ တဦးနှင့် တဦး အပြန်အလှန် တန်ဖိုးထား၍ အနစ်နာခံခြင်း စိတ်ဓါတ်တို့ဖြင့်လည်းကောင်း၊ ခိုင်မာသော ကိုယ်ကျင့် သိက္ခာရှိမှုဖြင့် လည်းကောင်း၊ သတိနှင့် အသိပညာရှိမှုဖြင့် လည်းကောင်း၊ စုပါင်းလုပ်ဆောင်နိုင်မှသာ အောင်မြင်ရာဖြစ် ကြောင်းအား လက်တွေ့ ကျင့်သုံးနိုင်မှု အလွန် အားနည်းခြင်း။
15. မျိုးဆက်သစ် ပြုစုပျိုးထောင်မှု အလွန်အားနည်းခြင်း။
16. ပန်းတိုင်မရောက်ခင် “တက်” ထောင်တတ်သော အကျင့်ဆိုးရှိခြင်း။
17. သာယာဖွယ်၊ လွတ်လပ်ခြင်းတို့နှင့် ထိတွေ့ပြီးလျှင် ဘ၀မေ့ခြင်း၊ မိမိတို့၏ မူလရည်မှန်းချက် ပန်းတိုင်အား မေ့လျှော့ခြင်း။
18. အောင်မြင်မှု အပေါ်၌သာ စံစား ခံစား တတ်သော်လည်း ပြဿနာများအပေါ် ဆုံးရှုံးမှုဖြစ်ခဲ့သော် တာဝန် ယူရဲသော သတ္တိ၊ တာဝန် ခံရဲသော သတ္တိတို့ရှိမှု အလွန်အားနည်းခြင်း။
စသည့် အကြောင်းတရားများကြောင့် တိုင်းပြည်နှင့်လူမျိုးသည် အရှိန်အ၀ါမှေးမှိန်လျှက် အဆင်းရဲဆုံးနိုင်ငံ အဖြစ် ရပ်တည်နေရခြင်း ဖြစ်ပါသည်။
မျက်မှောက် မြန်မာ့နိုင်ငံရေး အတွေးအခေါ် အယူအဆများသည် ... မူလဆင်းသက်လာရာ အကြောင်းတရား များဖြစ်သော ဗုဒ္ဓလမ်းစဉ်၏ အဆုံးအမ တရားဒေသနာတော်များနှင့် သော်လည်းကောင်း ... ၊ ရှေးခေတ် နိုင်ငံရေးဆိုင်ရာ လူပုဂ္ဂိုလ်ဆိုင်ရာ အဆုံးအမ သဘောတရားများဖြစ်သော မင်းကျင့်တရား ဆယ်ပါး၏ စံတန်ဖိုးများနှင့် သော်လည်းကောင်း ... မျက်မှောက် ပြည်ထောင်စု မြန်မာနိုင်ငံ တော်ကြီးအား လေးကြိမ်တိုင်တိုင် စုစည်းထူထောင်ခဲ့ကြသော အာဇာနည် ခေါင်းဆောင် ပုဂ္ဂိုလ်တို့၏ ခံယူချက် သဘောထား အတွေးအခေါ် အယူအဆများနှင့် သော်လည်းကောင်း ကိုက်ညီခြင်းမရှိဟု ဆိုရပါမည် ... ။
ယေဘူယျအားဖြင့် ... နိုင်ငံတနိုင်ငံ၏ ဖွံ့ဖြိုးမှု နိမ့်ကျခြင်းသည် ၄င်းနိုင်ငံ၏ အုပ်ချုပ်ရေး စနစ်အပေါ် မူတည်ပေသည် ... ။ သို့သော် ဤအချက်တခုတည်းကိုပင် ထပ်မံ ခွဲခြမ်းလေ့လာပါက အုပ်ချုပ်ရေး စနစ်အား မည်သူတို့က ပြဌာန်းသနည်း .... ဟူသော မေးခွန်းမျိုး ရှိလာရပါသည် .... ။
ဤသို့ဆိုလျှင်
၁။ တပါတီ (သို့) အာဏာရှင်တို့က ... ၄င်းတို့စိတ်ကြိုက် (သို့) ၄င်းတို့ သဘောအမိန့်အတိုင်း .... ပြဌာန်းသည်လော။
၂။ ပြည်သူလူထု သဘောဆန္ဒဖြင့် ပြဌာန်းပေးသည်လော ဟူသည့်အချက် နှစ်ချက်အား တွေ့ရှိရမည် ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ ... နိုင်ငံတနိုင်ဟု သတ်မှတ်မည်ဆိုပါက ပြည်သူလူထု ဆန္ဒသဘောထားများကို လျစ်လျူရှု၍ မရနိုင်ပါပေ ... ။ ထို့ကြောင့် နိုင်ငံတနိုင်ငံ၏ အုပ်ချုပ်ရေး စနစ်အား ပြည်သူလူထု၏ ဆန္ဒသဘောထားအပေါ် အခြေခံ၍ ဤနိုင်ငံတော်ကြီး ဤဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော ... ပြည်သူ ပြည်သား အပေါင်းတို့၏ ဆန္ဒသဘောထားများဖြင့် ဤနိုင်ငံတော်ကြီးအား ထူထောင်ပါသည်ဟူသော ... ကဗျဉ်းစာတမ်းထိုးနိုင်အောင် ဆောင်ရွက်နိုင်ပါမှ တရားဥပဒေသည်လည်း စိုမိုးပြီး လောကပါလတရား (လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ တန်းတူညီခြင်း) များလည်း ပေါ်ထွန်းပါမည် ... ။ ဤသို့အားဖြင့် ... ဤနိုင်ငံ ဤပြည်သူတို့၏ ဂုဏ်သိက္ခာ အရှိန်အ၀ါ သည်လည်း ... ကြီးမားပြီး နိုင်ငံတော်ကြီး ဒေသပတ်ဝန်းကျင် အ၀န်းအ၀ိုင်း၌လည်း ဖွံ့ဖြိုးတိုးတတ်မှုများ ဖြစ်ပေါ်လာ မည် ဖြစ်ပါသည် ... ။
ထို့ကြောင့် နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတတ်ဖို့ရန်အတွက် (သို့) ဒေသအတွင်း လောက ပါလတရားများ ဖြစ်ထွန်း ပေါ်ပေါက်လာရန်အတွက် မလိုလားအပ်သော အောက်ဖေါ်ပြပါ စနစ် (သို့) ၀ါဒများကို ဆန့်ကျင်ပြီး မကျင့်သုံးရန် လိုအပ်ပါလိမ့်မည် ... ။
၁. အာဏာရူးသောဝါဒ (Authoritarianism)
၂. ကိုယ့်မိသားစုဆွေမျိုးသားချင်းများ ကောင်းစားရေးအတွက်သာ ဆောင်ရွက်တတ်သောဝါဒ (Depotisim)
၃. အာဏာရှင်စနစ် (Dictatorship), (Totalitarianism)
၎. ကိုယ်နှင့်မတူတိုင်း တူရာအုပ်စုဖွဲ့ဗိုလ်ကျစိုးမိုးခြင်း၊ ညှင်းဆဲနှိပ်စက်သတ်ဖြတ်ခြင်းဝါဒ (Tyranny)
၅. စစ်ဝါဒ (Militarism)
စသည့် စနစ် (သို့) ၀ါဒများကို မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ... မဖြစ်ပေါ်အောင် မကျင့်သုံးနိုင်အောင် ပြည်သူ ပြည်သားတွေသည် မိမိတို့ မိသားစုအရေးထက် ပို၍အရေးကြီးသော လုပ်ငန်းစဉ်အဖြစ်လည်းကောင်း ... ၊ နိုင်ငံတော်အတွင်း ... လူ့အဖွဲ့အစည်းအတွင်း၌ လောက ပါလတရားများ ဖြစ်ထွန်းနေအောင် သော်လည်းကောင်း ... ဦးစွာပထမ ကြိုးပမ်း ဆောင်ရွက်ဖို့ လိုအပ်ပေလိမ့်မည် ... ။
နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဖြင့် မျက်မှောက် မြန်မာနိုင်ငံ အခြေအနေအား ... လေ့လာရာ၌ ယထာဘူတကျကျ တည့်တည့်မက်မက် ကြည့်ရန် လိုအပ်ပါ၏ ... ။ ဤစာတမ်းသည် နိုင်ငံတော်နှင့် ပြည်သူ လူထုအကျိုး ... ၊ နောင်အခါ တိုင်းပြည်အုပ်ချုပ်မည့် နိုင်ငံ့ခေါင်းဆောင်လောင်း လူငယ် လူရွယ်များ အတွက် ... သတိပြုစရာ ... ၊ သင်ခန်းစာယူစရာ ... ၊ ဝေဖန်စရာ ... ၊ ဆင်ခြင်တုံတရား ... လက်ကိုင်ထား၍ နိုင်ငံအကျိုးသယ်ပိုး စေခြင်းငှါ ဤနိုင်ငံရေးသိပ္ပံ လေ့လာရေးစာတမ်း၏ တခုတည်းသော ရည်ရွယ်ချက်ဖြစ်ပါ၏ ... ။
ထို့ကြောင့် ကမ္ဘာနှင့်အ၀န်း ပြုပြင် ပြောင်းလဲနေသော ဖြစ်စဉ်ကြီးအတွင်း၌ မြန်မာ့နိုင်ငံရေး တနည်းအားဖြင့် နိုင်ငံတော်ကြီး အတွင်း .... လောကပါလ တရားများ ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ မည်သည့်အတိုင်းအတာအထိ တိုင်းပြည်အား အကျိုးသက်ရောက်ခဲ့သည် (သို့) မိမိတို့၏ အခြေအနေ မှန်များအပေါ် ပြန်လည် သုံးသပ်ဆင်ခြင်၍ အနာဂတ်လူငယ် လူရွယ်များအတွက် စွန့်လွှတ်ခြင်း အရာ၌ စံနမူနာ အဖြစ်လည်းကောင်း .... ၊ အနစ်နာခံခြင်းအရာ၌ စံနမူနာ အဖြစ်လည်းကောင်း လက်တွေ့ကျကျ လုပ်ဆောင်ကျင့်သုံးသွားရန် လိုအပ် ပေလိမ့်မည် ... ။ဤအကြောင်းအရာနှင့် ပက်သတ်၍ ဗုဒ္ဓလမ်းစဉ် ရှုထောင့်မှ နမူနာယူအပ်သော ... စံအဖြစ်ထားအပ်သော အတွေးအခေါ် အယူ အဆအချို့နှင့် ဆရာကြီး ဦးရွှေအောင် ရေးသားသော ... “ဗုဒ္ဓ” အနှိုင်းမဲ့ ကျေးဇူးရှင် စာအုပ်မှ .... အဆိုအမိန့်များဖြင့် ကိုးကား နှိုင်းယှဉ်၍ ဆက်လက် လေ့လာသွားပါမည် ... ။လူသည် ဘ၀အား လောဘဖြင့် စတင်ခဲ့သူဖြစ်၏ .... ။ ထို့ကြောင့် လူသည် မိမိ လိုချင်သောအရာ မိမိရပ်တည်နိုင်ဖို့ရန်အတွက် အရာရာကို လိုချင် တတ်မက်၍ ရအောင်လည်း အားထုတ်လေ၏။ ဤသည်မှာ လောက သဘာဝတရားပင် ဖြစ်ပေသည် ... ။ တနည်းအားဖြင့်လည်း .... သူလို ကိုယ်လို သာမန်တွေးနိုင်သော လူသာမန် အတွေးမျိုး ဖြစ်၏။
ထို့ကြောင့် ကမ္ဘာနှင့်အ၀န်း ပြုပြင် ပြောင်းလဲနေသော ဖြစ်စဉ်ကြီးအတွင်း၌ မြန်မာ့နိုင်ငံရေး တနည်းအားဖြင့် နိုင်ငံတော်ကြီး အတွင်း .... လောကပါလ တရားများ ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ မည်သည့်အတိုင်းအတာအထိ တိုင်းပြည်အား အကျိုးသက်ရောက်ခဲ့သည် (သို့) မိမိတို့၏ အခြေအနေ မှန်များအပေါ် ပြန်လည် သုံးသပ်ဆင်ခြင်၍ အနာဂတ်လူငယ် လူရွယ်များအတွက် စွန့်လွှတ်ခြင်း အရာ၌ စံနမူနာ အဖြစ်လည်းကောင်း .... ၊ အနစ်နာခံခြင်းအရာ၌ စံနမူနာ အဖြစ်လည်းကောင်း လက်တွေ့ကျကျ လုပ်ဆောင်ကျင့်သုံးသွားရန် လိုအပ် ပေလိမ့်မည် ... ။ဤအကြောင်းအရာနှင့် ပက်သတ်၍ ဗုဒ္ဓလမ်းစဉ် ရှုထောင့်မှ နမူနာယူအပ်သော ... စံအဖြစ်ထားအပ်သော အတွေးအခေါ် အယူ အဆအချို့နှင့် ဆရာကြီး ဦးရွှေအောင် ရေးသားသော ... “ဗုဒ္ဓ” အနှိုင်းမဲ့ ကျေးဇူးရှင် စာအုပ်မှ .... အဆိုအမိန့်များဖြင့် ကိုးကား နှိုင်းယှဉ်၍ ဆက်လက် လေ့လာသွားပါမည် ... ။လူသည် ဘ၀အား လောဘဖြင့် စတင်ခဲ့သူဖြစ်၏ .... ။ ထို့ကြောင့် လူသည် မိမိ လိုချင်သောအရာ မိမိရပ်တည်နိုင်ဖို့ရန်အတွက် အရာရာကို လိုချင် တတ်မက်၍ ရအောင်လည်း အားထုတ်လေ၏။ ဤသည်မှာ လောက သဘာဝတရားပင် ဖြစ်ပေသည် ... ။ တနည်းအားဖြင့်လည်း .... သူလို ကိုယ်လို သာမန်တွေးနိုင်သော လူသာမန် အတွေးမျိုး ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ... အတ္တ မိမိအကျိုးစီးပွါး တခုတည်းအပေါ်၌သာ ရပ်တည်နေခြင်း (သို့) အတ္တ၀ါဒ အတ္တဓမ္မတာ ဖြစ်သောကြောင့်ပင် ဖြစ်၏ ... ။ နိုင်ငံတော် ပြည်သူလူထု လူ့အဖွဲ့အစည်း အကျိုးစီးပွါးအတွက် ဆောင်ရွက်မည် ဆိုပါက (သို့) ဆောင်ရွက်နေပါသည် ဟူသော ပုဂ္ဂိုလ်၊ ဆောင်ရွက်မည့် ပုဂ္ဂိုလ် (သို့) လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်လိုသည့် ခေါင်းဆောင်ငယ် ခေါင်းဆောင် လောင်းလျှာများအတွက်မူ အထက်၌ ဖေါ်ပြခဲ့သော သူလို ကိုယ်လို သာမန်အတွေးမျိုးဖြင့် အတ္တ၀ါဒ ... ၊ အတ္တဓတ္တာ ဟူသော ကိုယ်ကျိုးစီးပွါး ... ၊ ဆွေမျိုးကောင်းစားရေး ... ၊ ကိုယ့်အုပ်စုအကျိုး ကိုယ့်ပါတီအကျိုး တခုတည်းအပေါ် အခြေခံသော အတွေးအခေါ်မျိုးဖြင့် မရရှိနိုင်ပေ ... ။
နိုင်ငံရေးဟူသည်…
လူ့အဖွဲ့အစည်း ... ဖွံ့ဖြိုး တိုးတတ်မှုကို ရှေ့ရှုသော လုပ်ငန်းဖြစ်၏ ... ။ မိမိအကျိုးထက် အများအကျိုးကို ရှေးရှုသော လုပ်ငန်းဖြစ်၏ ... ။ တနည်း အားဖြင့်လည်း ... မိမိတို့ လူ့အဖွဲ့အစည်း အတွင်း လောကပါလ တရားများ ဖြစ်ထွန်း ပေါ်ပေါက်နေအောင် ဤတရားများဖြင့် စည်ပင်နေအောင် လူ့အဖွဲ့အစည်းအတွင်း ဟောပြောစည်းရုံး၍ ဆောင်ရွက်ရသော ... လုပ်ငန်းမျိုးဖြစ်၏ ... ။
ထိုသို့ ဆောင်ရွက်ရာ၌ ... မိမိအကျိုးထက် လောကအကျိုးကို ရှေးရှု့ဆောင်ရွက်ရ၏ ... ။ မိမိတို့ ဘ၀များကိုလည်း ပေးဆပ်ကောင်း ပေးဆပ်ရ၏ ... ။ လုပ်သမျှလည်း အောင်မြင်လိမ့်မည် မဟုတ် သို့သော် အောင်မြင်သည်ဖြစ်စေ ... မအောင်မြင်သည်ဖြစ်စေ ... မျက်မှောက် လုပ်ဆောင်သော အခြေအနေများသည် အဖြေမဟုတ်ဘဲ မိမိ၏ လောကအပေါ် လူ့အဖွဲ့အစည်းအပေါ် ထားရှိသော စေတနာသည်သာ အဓိကကျသည် ဖြစ်သောကြောင့် မိမိလုပ်ငန်း အထမြောက်သည်ဟု ဆိုအပ်ပါ၏ ... ။
ဤကဲ့သို့သော လုပ်ငန်းမျိုးသည် ... အနတ္တ၀ါဒီ အများအကျိုးကိုသာ ... ရှေးရှု့သော လမ်းစဉ် အနတ္တပဓါန လမ်းစဉ်ဟုဆိုပါ၏ ... ။
ဤသို့သော ... လုပ်ငန်းမျိုးကိုလည်း လူသာမန် သူလို ကိုယ်လို ကျင့်ကြံ ဆောင်ရွက်နိုင်ပါ၏။ ဤသို့အားဖြင့် အကြောင်းတရား အကျိုးတရားတို့ အပေါ်အခြေခံ၍ လောက၌ ခေတ်အဆက်ဆက်၌ အာဇာနည်များ ပေါ်ထွက်ခဲ့ကြခြင်း ဖြစ်၏ ... ။ နောင်လည်း ပေါ်ထွက်နေ အုံးမည်သာ ဖြစ်ပါ၏ ..။
နိုင်ငံရေးဟုခေါ်သော ... “ တိုင်းပြု ပြည်ပြုလုပ်ငန်း” (သို့) “ လူ့အဖွဲ့အစည်းအတွင်း ... လောကပါလတရားများ ထွန်းကားစည်ပင်သထက် စည်ပင်အောင် ဟောပြောစည်းရုံး ဆောင်ရွက်သော လုပ်ငန်း” (သို့) လောက အကျိုးစီးပွါးကို ဥိးတည်ဆောင်ရွက်ရ သောလုပ်ငန်း” ကို သာမန် သူလို၊ ကိုယ်လို မည်သူမဆို ဆောင်ရွက်နိုင်သော်လည်း သာမန် သူလိုကိုယ်လို အတွေးမျိုးဖြင့် ... မဆောင်ရွက် နိုင်ပါပေ။
ထိုသို့ဆောင်ရွက်ပါက တနည်းအားဖြင့် …
ဥပမာအားဖြင့်…
မြန်မာ စကားပုံများလာ အဆိုအမိန့်များမှ တခုဖြစ်သော…
“ အူမတောင့်မှ သီလစောင့်မယ်” ဟူသော စကားပုံမျိုးဖြင့် ... ၄င်းကို ယုံကြည် လက်ခံကျင့်သုံးသူများ အတွက်တော့ လောကဆိုသည့် ... ၊ လူ့အဖွဲ့အစည်း ဆိုသည့် ... ၊ နိုင်ငံရေး ဆိုသည့် ( အထက်၌ ဖေါ်ပြထားသော အဓိပ္ပါယ်အတိုင်းရှိသော လုပ်ငန်းစဉ်) ဝေါဟာရမျိုးကိုပင် နားလည် သဘောပေါက်ရန် အလွန် ခက်ခဲနေပေလိမ့်မည် ... ။
ဤအတွေးမျိုးဖြင့် ... ဆောင်ရွက်ပါက လောက၌ လောကပါလတရားများ စည်ပင်ဖို့ ဝေးစွ တိုင်းပြည်အကျိုး လူ့အဖွဲ့ အစည်းအကျိုး မဆိုထားနှင့် မိမိအကျိုးစီးပွါးပင် ပျက်ဆီးပေလိမ့်မည် ... ။ လောက၌လည်း လောကပါလ တရားများ ချုပ်ငြိမ်းသထက် ချုပ်ငြိမ်းသွားစေလိမ့်မည် ဖြစ်၏ ... ။ ထို့အပြင် ထိုလူအဖွဲ့အစည်းသည် ယဉ်ကျေးမှု နိမ့်ကျလျှက် အရိုင်းအစိုင်းများသာ ဖြစ်နေပေလိမ့်မည် ... ။
မြန်မာနိုင်ငံ သမိုင်းတလျောက် တိုင်းပြည်အား ... ပြန်လည် စုစည်းထူထောင်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းတို့လို ပုဂ္ဂိုလ်ကြီးတချို့ရှိခဲ့ဘူးပါ၏ ... ။
ဤ ပုဂ္ဂိုလ်ကြီးများသည် လူသာမန်တွေ ဖြစ်သော်လည်း ... သာမန်သူလို ကိုယ်အတွေးမျိုး နိုင်ငံတော်ကြီးနှင့် လောကအတွက် ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များ မဟုတ်ကြပေ။
ထို့ကြောင့်ပင် ဤပုဂ္ဂိုလ်ကြီးများကို မြန်မာနိုင်ငံသမိုင်း၌ အထူးလေးစား တန်ဖိုးထား အပ်သူများအဖြစ် မှတ်တမ်းတင်ထားခြင်းဖြစ်၏ ... ။
လောက၌လူရယ်လို့ ဖြစ်လာသောအခါ ယေဘူယျအားဖြင့် တောင်းတခြင်း (၄) မျိုးရှိပါ၏ ... ။
၁. အိမ်ယာထူထောင်လိုခြင်း။
၂. စီးပွါးပစ္စည်းဥစ္စာ ပြည့်စုံသထက် ပြည့်စုံလိုခြင်း။
၃. တရားဓမ္မနှင့်အညီ နေထိုင်လိုခြင်း။
၎. လွတ်လပ်မှုနှင့် နေထိုင်လိုခြင်း။
တို့ဖြစ်၏။
ဖေါ်ပြပါ အခြေအနေလေးရပ်သည် လူတိုင်း လူတိုင်း ခံစားလိုသော သဘောတရားများပင် ဖြစ်၏ ... ။ တနည်းဆိုသော် ပုထုဇဉ် လူသားများ လိုလားသော တောင့်တချက်များသာ ဖြစ်ပါ၏ ... ။ သူလို ငါလို သူများလည်း တောင့်တပါ၏ ... ။ သူလို ငါလို အဆင့်ထက် ကျော်သူများလည်း လိုလား တောင့်တကြပါ၏။
၁. အိမ်ယာထူထောင်လိုခြင်း။
၂. စီးပွါးပစ္စည်းဥစ္စာ ပြည့်စုံသထက် ပြည့်စုံလိုခြင်း။
၃. တရားဓမ္မနှင့်အညီ နေထိုင်လိုခြင်း။
၎. လွတ်လပ်မှုနှင့် နေထိုင်လိုခြင်း။
တို့ဖြစ်၏။
ဖေါ်ပြပါ အခြေအနေလေးရပ်သည် လူတိုင်း လူတိုင်း ခံစားလိုသော သဘောတရားများပင် ဖြစ်၏ ... ။ တနည်းဆိုသော် ပုထုဇဉ် လူသားများ လိုလားသော တောင့်တချက်များသာ ဖြစ်ပါ၏ ... ။ သူလို ငါလို သူများလည်း တောင့်တပါ၏ ... ။ သူလို ငါလို အဆင့်ထက် ကျော်သူများလည်း လိုလား တောင့်တကြပါ၏။
သို့သော် -သူလိုငါလို အဆင့်ထက် ကျော်လွန်သောသူများ တောင့်တခြင်းသည် ဤတောင့်တခြင်း လေးမျိုးထက် လောက အကျိုးစီးပွါးကို ပိုမို လိုလားတောင့်တကြပါ၏။ လောက အကျိုးအတွက် သော်လည်းကောင်း ... ၊ အများ အကျိုးအတွက် သော်လည်းကောင်း ... ၊ တနည်းအားဖြင့် အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးနေမှုကို ပို၍ လိုလား တောင်းတကြပါ၏။
သို့သော် သူလိုငါလို အဆင့်ထက်ကျော်လွန်သော သူများတောင့်တခြင်းသည် ဤတောင့်တခြင်းလေးမျိုးထက် လောက အကျိုး စီးပွါးကို ပိုမိုလိုလားတောင့်တကြပါ၏ ... ။ လောက အကျိုးအတွက်သော်လည်းကောင်း ... ၊ အများ အကျိုးအတွက်သော်လည်းကောင်း ... ၊ တနည်းအားဖြင့် ... အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးနေမှုကို ပို၍ လိုလား တောင်းတကြပါ၏ ... ။
သို့သော် သူလိုငါလို အဆင့်ထက်ကျော်လွန်သော သူများတောင့်တခြင်းသည် ဤတောင့်တခြင်းလေးမျိုးထက် လောက အကျိုး စီးပွါးကို ပိုမိုလိုလားတောင့်တကြပါ၏ ... ။ လောက အကျိုးအတွက်သော်လည်းကောင်း ... ၊ အများ အကျိုးအတွက်သော်လည်းကောင်း ... ၊ တနည်းအားဖြင့် ... အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးနေမှုကို ပို၍ လိုလား တောင်းတကြပါ၏ ... ။
ထိုသို့ပို၍ လိုလား တောင်းတသည်နှင့်အမျှ ကြိုးလည်း ကြိုးစားကြ၏ ... ။ အားလည်း အားထုတ်၏ ... ။ ထိုသို့သော ပုဂ္ဂိုလ်များ၏ စိတ်သန္တာန်၌ သူလိုငါလို တောင့်တခြင်းမျိုး မရှိတော့ဘဲ ... လောကကောင်းကျိုး တခုတည်း အပေါ်၌သာ လုံ့လပြုသောကြောင့် ... တိုင်းပြည်များမှာ လောကပါလတရား ဖြစ်ထွန်းစည်ပင်ပြီး ဖွံ့ဖြိုး တိုးတတ်ကြကြောင်း လေ့လာတွေ့ရှိရပါ၏ ... ။
ဤသို့သော ပုဂ္ဂိုလ်များကို မျိုးချစ်အာဇာနည်များဟု သက်ဆိုင်ရာ နိုင်ငံတိုင်း နိုင်ငံတိုင်း၌ ခေါ်ဝေါ် ဂုဏ်ပြုကြခြင်း ဖြစ်၏ ... ။ ဤသို့သော ပုဂ္ဂိုလ်များသည် မြန်မာ့ သမိုင်း၌လည်းရှိပါ၏ ... ။ ၄င်းပုဂ္ဂိုလ်တို့သည် လောကအတွက် မိမိဘ၀များကို ပေးဆပ်သူများဖြစ်၏ ... ။ ဤပုဂ္ဂိုလ်များကို နမူနာယူအပ်၏ ... ။ ထိုသို့နမူနာယူ ကျင့်ကြံ ဆောင်ရွက်နေသူများသည် သာမန်အတွေးအခေါ်များရှိသော သူများအမြင်၌ “လူအ” “လူညံ့” ဟုမြင်နေပေလိမ့်မည် ... ။
အဘယ့်ကြောင့်ဆိုသော် အာဇာနည် စိတ်သဘောတရားကို နမူနာယူ ကျင့်ကြံအားထုတ်သော သူများသည် အခွင့်အရေး ဟူ၍လည်း မမက်မော ... ၊ ရာထူး စည်းဇိမ်ဟူ၍လည်း မမက်မောဘဲ လောကသားတို့အပေါ်၌သာ လောကပါလတရား ... ၊ ချမ်းသာခြင်းတရား ... ၊ စသည့် ... ဓမ္မတရားများ လွှမ်းမိုးရေးကိုသာ လိုလားသူများ ဖြစ်သောကြောင့်ပင်ဖြစ်၏ ... ။
ဤကမ္ဘာ၌ နိုင်ငံဖြစ်စေ ... ၊ ဒေသဖြစ်စေ ... ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက် လူမျိုးအတွက် အနစ်နာခံသူများ ဘ၀ကိုပေးဆပ်သူများ ပေါများလေလေ ထိုနိုင်ငံ ထိုလူမျိုးတို့သည့် ကမ္ဘာ၌ ထိပ်တန်း နိုင်ငံများ ထိပ်တန်း လူမျိုးများအဖြစ် ရပ်တည်နိုင်ကြပါ၏ ... ။ ထိပ်တန်းဟု ဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာ ... ဖွံ့ဖြိုးမှုချည်း သက်သက် မဟုတ်ဘဲ ကိုယ့်ကျင့်တရား ... ၊ လူ့ကျင့်ဝတ်သိက္ခာ စောင့်စည်းလိုက်နာ ကျင့်သုံးခြင်း အရာ၌လည်း ထိပ်တန်း အဆင့်မြင့်မား တိုးတတ်ကြပါ၏ ... ။ ထို့ကြောင့်ပင် ထိုနိုင်ငံများသည် ကမ္ဘာ၌ ၀င့်ကြွားစွာ ရပ်တည်နိုင်ကြခြင်း ဖြစ်ပါ၏ ... ။
ဥပမာအားဖြင့် …..နယူးဇီလန်၊ နော်ဝေ၊ ဆွီဒင် …အစရှိသည်အားဖြင့်
“မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရှိစဉ် မြန်မာပြည်သည် အာရှ၌ နိုင်ငံရေး အရလည်းကောင်း ... ၊ စီးပွါးရေးအရ လည်းကောင်း ... ၊ လူမျိုး ဂုဏ်သိက္ခာ မြင့်မားသော အခြေအနေတရပ် ဖြစ်ခဲ့ဘူးပါသည်...။”
“မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရှိစဉ် မြန်မာပြည်သည် အာရှ၌ နိုင်ငံရေး အရလည်းကောင်း ... ၊ စီးပွါးရေးအရ လည်းကောင်း ... ၊ လူမျိုး ဂုဏ်သိက္ခာ မြင့်မားသော အခြေအနေတရပ် ဖြစ်ခဲ့ဘူးပါသည်...။”
သို့သော် နိုင်ငံဖြစ်စေ ... ၊ ဒေသဖြစ်စေ ... ၊ လူမျိုးဖြစ်စေ ... ၊ နိုင်ငံအတွက် လူမျိုးအတွက် အနစ်နာခံ သူများဘ၀ကို ပေးဆပ်သူများ နည်းပါးလေလေ (သို့) ကိုယ်ကျိုးစီးပွါး တခုတည်းကိုသာ ကြည့်သောသူများ ပေါများလေလေ ထိုနိုင်ငံ ... ၊ ထိုဒေသ ... ၊ ထိုလူမျိုးတို့သည် အဓမ္မတရားများ ဖုံးလွှမ်းနေပြီး ... ၊ ဆင်းရဲခြင်းအပေါင်း .. ၊ ဒုက္ခအပေါင်းနှင့် ရင်ဆိုင်နေရပေလိမ့်မည် ... ။ ကမ္ဘာ့အလယ်၌လည်း လူလုံးမလှ လူရာမသွင်း အနှိမ်ခံ ဘ၀များဖြင့်သာ ဖြစ်နေပေလိမ့်မည် .... ။
တဖန် တရားတော်လာ ဓမ္မပဒ စာအုပ် အပိုဒ် (၉၈) ၌
တဖန် တရားတော်လာ ဓမ္မပဒ စာအုပ် အပိုဒ် (၉၈) ၌
ဒေသတခုသည် ရွာဖြစ်ချင်ဖြစ် ... ၊ တောဖြစ်ချင်ဖြစ်မည် ... ၊ ကျီးကုံးဖြစ်ချင်ဖြစ်မည် ... ၊ ချိုင့်ဝှမ်း ဖြစ်ချင်ဖြစ်မည် သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူတော်စင် ... ၊ သူတော်ကောင်း (သို့) ဓမ္မတရားကို လက်ကိုင်ပြု ကျင့်သုံးနေသူများ ဖြစ်ရိုးမှန်ပါက ထိုဒေသသည် ဤကမ္ဘာမြေပေါ်တွင် မွေ့လျှော်ဖွယ် အကောင်းဆုံးဖြစ်၏” ဟူ၍ ... ရေးသားထားပါ၏ ... ။
အထက်ပါစာပိုဒ်သည် မြန်မာ့လူ့အဖွဲ့အစည်းအနေဖြင့် အထူးသတိပြုရန် လိုအပ်ပါလိမ့်မည် ... ။ မြန်မာ့ နိုင်ငံရေးအယူအဆ တရပ်အနေဖြင့် ရှုမြင်ကြည့်ပါက နိုင်ငံအကျိုး ... ၊ လောကအကျိုးကို ဆောင်ရွက်ရာတွင် တနည်းအားဖြင့် လောက ပါလတရားများ မိမိတို့ လူ့အဖွဲ့အစည်း အတွင်း ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ ... ၊ အဖွဲ့အစည်းများ တို့သည်လည်း ဓမ္မတရားများကို လိုက်နာ ကျင့်သုံးရန် အထူး သတိတရားထားရှိဖို့ကိုလည်း လမ်းညွှန်ထားပါ၏ ... ။
နိုင်ငံနှင့်လူမျိုး ... ၊ မိမိတို့ နေထိုင်ရာ လူ့အဖွဲ့အစည်းတို့အပေါ် ဒုက္ခစုံကျရောက်နေသော ကာလ ... ၊ တနည်းအားဖြင့် အဓမ္မတရားများ ဖုံးလွှမ်းနေသော အချိန်များ၌ စွန့်လွှတ်စွန့်စား အနစ်နာခံ ဆောင်ရွက်ကြသူများသည် တိုင်းနိုင်ငံအသီးသီးတို့၌ ပေါ်ထွန်းကြပါ၏ ... ။ ထိုသို့ နိုင်ငံနှင့် လူမျိုး လူ့ အဖွဲ့အစည်းအတွက် စွန့်လွှတ် အနစ်နာခံ ဆောင်ရွက်ကြသော ပုဂ္ဂိုလ်များ၌လည်း (၂) မျိုး ရှိပါ၏ ... ။
၁။နိုင်ငံနှင့်လူမျိုး လူ့အဖွဲ့အစည်းအတွက် ပစ္စည်းဥစ္စာ စွန့်ကြပါ၏ ... ။ ခြေလက် အင်္ဂါများလည်း စွန့်လွှတ်ကြပါ၏ ... ။ ထိုပုဂ္ဂိုလ်များသည် ထိုနိုင်ငံ ထိုလူမျိုး ထိုလူ့အဖွဲ့အစည်းအတွက် အဓမ္မတရားအပေါ် ဓမ္မတရားက ဖုံးလွှမ်းအောင် ဆောင်ရွက်ကြသူများပင် ဖြစ်ပေ၏ ... ။ တနည်းအားဖြင့် ... လောက၌ အဓမ္မတရား မထွန်းကားအောင် မိမိတို့ဘ၀ ဥစ္စာပစ္စည်း ... ၊ စည်းဇိမ်တွေကို လောကအတွက် စတေးသောသူများပင် ဖြစ်၏ ... ။ သို့သော် မိမိတို့၏ အနစ်နာခံမှုကြောင့် အကျိုးတရားများ ပေါ်ထွန်းလာသောအခါ မိမိသည် ရာထူး၊ စည်းဇိမ်၊ အာဏာစသည့် အခွင့်အရေး များကိုလည်း ခံစားထိုက်သည်ဟု ခံယူသော ပုဂ္ဂိုလ်များလည်းရှိကြောင်း တွေ့ရမည်ဖြစ်၏ ... ။
၂။လောက၌ အဓမ္မတရားအပေါ် ဓမ္မတရားမှ ဖုံးလွှမ်းအောင် ဆောင်ရွက်ရာ၌ မိမိ၏ စွန့်လွှတ်အနစ်နာခံမှုများ၏ နောက်၌ မည်သည့် အခွင့်အရေးကိုမျှ မမက်မော ... ၊ မည်သည့် ခံစားခွင့်ကိုမှလည်း မမျှော်လင့်သော ပုဂ္ဂိုလ်များလည်း ရှိပါ၏ ... ။ ထို ပုဂ္ဂိုလ်မျိုးတို့သည်သာ တကယ့် အာဇာနည် သူရဲကောင်း အစစ်အမှန်ပင် ဖြစ်ပေ၏ ... ။ လောက၌ အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးအောင် ဆောင်ရွက်ရာ၌ မိမိအတ္တ အကျိုးပါမှ၊ ရာထူး၊ ငွေကြေး၊ စည်းဇိမ်ရမှ (သို့) ရသင့်သည်ဟူသော အယူအဆ သဘောတရားများသည် စစ်မှန်စွန့်လွှတ်ခြင်း အနစ်နာခံခြင်းဟု မမည်ပေ ... ။ ထို့ကြောင့် အာဇာနည် ပုဂ္ဂိုလ်ဟု မဆိုအပ် ... ၊ တနည်းအားဖြင့် ဤသည်မှာ အတ္တ၀ါဒ အတ္တလမ်းစဉ်သာ ဖြစ်ပေ၏ ... ။
၂။လောက၌ အဓမ္မတရားအပေါ် ဓမ္မတရားမှ ဖုံးလွှမ်းအောင် ဆောင်ရွက်ရာ၌ မိမိ၏ စွန့်လွှတ်အနစ်နာခံမှုများ၏ နောက်၌ မည်သည့် အခွင့်အရေးကိုမျှ မမက်မော ... ၊ မည်သည့် ခံစားခွင့်ကိုမှလည်း မမျှော်လင့်သော ပုဂ္ဂိုလ်များလည်း ရှိပါ၏ ... ။ ထို ပုဂ္ဂိုလ်မျိုးတို့သည်သာ တကယ့် အာဇာနည် သူရဲကောင်း အစစ်အမှန်ပင် ဖြစ်ပေ၏ ... ။ လောက၌ အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးအောင် ဆောင်ရွက်ရာ၌ မိမိအတ္တ အကျိုးပါမှ၊ ရာထူး၊ ငွေကြေး၊ စည်းဇိမ်ရမှ (သို့) ရသင့်သည်ဟူသော အယူအဆ သဘောတရားများသည် စစ်မှန်စွန့်လွှတ်ခြင်း အနစ်နာခံခြင်းဟု မမည်ပေ ... ။ ထို့ကြောင့် အာဇာနည် ပုဂ္ဂိုလ်ဟု မဆိုအပ် ... ၊ တနည်းအားဖြင့် ဤသည်မှာ အတ္တ၀ါဒ အတ္တလမ်းစဉ်သာ ဖြစ်ပေ၏ ... ။
ဤကမ္ဘာ၏ တိုင်းနိုင်ငံအသီးသီး ... ၊ လူ့အဖွဲ့အစည်း အသီးသီးတို့၌ အာဇာနည် ပုဂ္ဂိုလ်များ ရှိကြပါ၏ ... ။ ထိုပုဂ္ဂိုလ်များသည် လောကအတွက် မိမိတို့ဘ၀ကို စတေး၍ လောကအကျိုးစီးပွါး တခုတည်းအပေါ်၌သာ ရှေးရှုကြပါ၏ ... ။ ထို့ကြောင့်လည်း ထိုပုဂ္ဂိုလ်များကို သူလို ငါလို သာမန်အဆင့်ထက် ကျော်လွန် မြင့်မြတ်သောသူ ... ၊ သူရဲကောင်းများ ... ၊ အာဇာနည် ပုဂ္ဂိုလ်ကြီးများအဖြစ် တိုင်းနိုင်ငံအသီးသီး ... ၊ လူ့အဖွဲ့အစည်း အသီးသီးတို့၌လည်း ၄င်းနိုင်ငံ ... ၊ ၄င်းလူမျိုးတို့ကို ကိုယ်စားပြုသော ပုဂ္ဂိုလ်ကြီးများအဖြစ် တန်ဖိုးထား ကဗျည်းထိုး အလေးအမြတ် ပြုကြခြင်းဖြစ်ပါ၏ ... ။
မြန်မာ့နိုင်ငံရေး အယူအဆများအနက် အောက်ဖေါ်ပြပါ အဆုံးအမတခုမှာ လွန်စွာမှတ်သား လိုက်နာ ကျင့်သုံးဖွယ် ဖြစ်၏ ... ။
ဗုဒ္ဓလမ်းစဉ်အရ လူတိုင်း၌ ကျင့်စဉ်အားဖြင့် သုံးဆင့်ရှိပါ၏။
၁။လောကအတွက်ဖြစ်သည်။
၂။ နိုင်ငံနှင့်လူမျိုးအတွက်ဖြစ်သည်။
၃။ မိမိနှင့် မိမိတို့မိသားစုအတွက်ဖြစ်သည်။
မိမိနှင့် မိမိ မိသားစု အကျိုးစီးပွါးကို ဆောင်ရွက်ရာ၌ မိမိနိုင်ငံ ... ၊ မိမိတို့အမျိုးသားများ အရေးနှင့်လည်း ဆက်စပ်ပေသည် ... ။ မိမိ “အား” ကောင်းလျှင် ကောင်းသလို နိုင်ငံအကျိုး ... ၊ အမျိုးသားရေး အကျိုးတို့ကို ပိုမို ဆောင်ရွက်နိုင်ပေမည် ... ။ ထို့ကြောင့် မိမိ “အား” ကောင်းပါမှ နိုင်ငံ လူမျိုးအတွက် လူ့အဖွဲ့အစည်းအတွက် ဆောင်ရွက်နိုင်ပေမည် ... ။ နိုင်ငံနှင့်လူမျိုး “အား” ကောင်းမှ ဤကမ္ဘာလောက အကျိုးအတွက် ပိုမို ဆောင်ရွက်နိုင်ပေမည် ဖြစ်ပါ၏ ... ။
ထို့ကြောင့် မိမိအကျိုးစီးပွါးကို တနည်းအားဖြင့် မိမိကိုယ်မိမိ “အား” ကောင်းအောင် မြင့်သည်ထက်မြင့်မားအောင် ဆောင်ရွက်ခြင်းသည် မိမိနိုင်ငံ မိမိလူမျိုး မိမိတို့လူ့အဖွဲ့အစည်း အကျိုးစီးပွါးအတွက် ဆောင်ရွက်ရန် ဖြစ်ပါ၏ ... ။ တနည်းအားဖြင့် မိမိအား လောကအတွက် အသုံးချရန် ဖြစ်၏ ... ။ ဤသို့ ဆောင်ရွက်နိုင်ပါမှ လောက၌ လူပီသ၏ ... ။ လောက၌ လူဖြစ်ရကျိုးနပ်၏ ... ။ ထို့ကြောင့်ပင် မြန်မာ့နိုင်ငံရေး အယူအဆ၌ စံတန်ဖိုးများသည် -
“ ငါကောင်းစားရေးသာ ပထမ” ဟူသော အယူအဆမဟုတ်ဘဲ “ လောက ကောင်းစားရေးသည်သာ ပထမ” ဟူသော စံတန်ဖိုးပင်ဖြစ်ပါ၏ ... ။ တနည်းအားဖြင့် “အနတ္တပဓါန လမ်းစဉ်” ပင်ဖြစ်ပေသည် ... ။
မြန်မာ့သမိုင်း၏ စံ
နိုင်ငံဖြစ်စေ ... ၊ လူမျိုးဖြစ်စေ ... ထူထောင်ရာ၌ စည်းလုံးမှုသည် များစွာအရေးကြီးပါ၏ ... ။ ကျမ်းဂန်များ၌ စည်းလုံးမှုပုံစံ နှစ်မျိုးရှိကြောင်း လေ့လာတွေ့ရှိရပါသည် ... ။
၁။ သမ၀ါယ သမ္ဗန္ဓ ဟုခေါ်သော အားလုံးတသားတည်း ကျသော စည်းလုံးညီညွှတ်မှု၊ တသွေး၊ တသံ၊ တမိန့်တည်းအပေါ်၌ တူညီသော စည်းလုံးညီညွှတ်မှု။
၂။ သံယောဂ သမ္ဗန္ဓ ဟုခေါ်သော အားလုံးသောသူတို့သည် သူတလူ ... ၊ ငါတမင်း ... ၊ နိုင်ငံသားတို့သည် ထင်းအစည်း ပြေသကဲ့သို့ အကွဲအကာနှင့် တူသော စည်းလုံးမှု ဟူ၍ဖြစ်ပါ၏ ... ။
တသားတည်းဖြစ်သော စည်းလုံးညီညွှတ်မှု (သမ၀ါယ သမ္ဗန္ဓ) ဖြစ်အောင် အားထုတ်ရာတွင် အရေးကြီးသော အခြေခံအချက် နှစ်ချက် ရှိ၏ ... ။
၁။ “အမြင်ချင်း” တူမှု
၂။ “ အကျင့်ချင်း” တူမှု တို့ဖြစ်၏ ... ။
လောကအတွက်အသုံးချရန်
လောကဓမ္မတာ သဘောအရ “လူ” ဟူသည် မိမိဘ၀ကို တိုးတတ်သည်ထက် တိုးတတ်အောင် လှသထက်လှအောင် ရှိသထက်ပိုရှိအောင် အားထုတ်လုံ့ လ ပြုသည်ချည်းဖြစ်၏ ... ။ သို့ရာတွင် တိုးတတ်လာသော ဘ၀အခြေအနေတို့ကို အသုံးချရာ၌မူ မိမိအတွက် အသုံးချခြင်းနှင့် လောကအတွက် အသုံးချခြင်း ဟူ၍နှစ်မျိုးကွဲပြားပါ၏ ... ။
ဘ၀ကိုလောကအတွက် အသုံးချရာ၌ ၄င်းပုဂ္ဂိုလ်များတို့တွင် ပြတ်သားသောကျင့်စဉ်သည် ရှိပြီးဖြစ်၏။ ထိုကျင့်စဉ်မှာလည်း ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့သော အဆုံးအမ တရားတော်များမှ ရလေ၏။
ထို့ကြောင့် ရှေးခေတ် မြန်မာနိုင်ငံသားတို့၏ အမျိုးသားစရိုက်လက္ခဏာ ... ၊ အမျိုးသား ဉာဉ်ကား ရဲရင့်ခြင်းနှင့် ရက်ရော ခြင်းလက္ခဏာတို့ ဖြစ်၏ ... ။ ထိုစရိုက် လက္ခဏာ ဉာဉ်တို့ဖြင့် ရှေးခေတ် မြန်မာနိုင်ငံသားတို့သည် မိမိတို့နိုင်ငံ မိမိတို့ဂုဏ်ကို ထိန်းသိမ်း မြှင့်တင်နိုင်ခဲ့ကြပါ၏ ... ။
ထို့ ကြောင့် ထိုခေတ်မြန်မာနိုင်ငံသားတို့သည်..
“ စားလို၍ အလုပ်လုပ်ခြင်း မဟုတ်” ဘဲ “ အလုပ် လုပ်လို၍ စားခြင်းသာ ဖြစ်သည်” ကျမ်းဂန်က ဆိုပါ၏ ... ။
လောက၌ အတ္တဟိတ ဟုခေါ်သော မိမိကိုယ်ကျိုး တခုတည်း အတွက်သာ ဆိုလျှင် အစွန်းတဘက်သို့ ရောက်ပါ၏ ... ။
မြန်မာ့ လူ့အဖွဲ့အစည်း၌ မဇ္ဈိမပဋ္ဋိပဒါလမ်းစဉ်ဟု ပြောဆိုသုံးနှုံးကြပါ၏ ... ။ ၎င်းတို့ ပြောဆိုနေသော အဓိပ္ပါယ်မှာလည်း “ အူမတောင့်မှ သိလစောင့်မည့်” ဆိုသည့် သဘောမျိုးဖြစ်သော အတ္တနှင့်ပရ မျှတရမည်ဟု ဆိုပါ၏ ... ။ ဆိုလိုသည့်အဓိပ္ပါယ်မှာ လောကအရေး ဆောင်ရာတွင် ကိုယ် (၅၀ %) သူ ( ၅၀ %) ဟူသည့် သဘောတရားမျိုးဖြစ်၏ ... ။ သို့ဆိုလျှင် မိမိအား လောကအတွက် အသုံးချခဲ့ကြရာ၌ အဘယ်မှာ ကိုယ်ကျိုးစွန့်ခြင်း ဟူသော သဘောတရားရှိနည်း ... ။
အောက်ပါပုံများဖြင့် စဉ်းစားကြည့်ပါစို့…..
မဇ္ဈိမပဋ္ဋိပဒါလမ်းစဉ်ဆိုသည်မှာ……
အထက်စာပိုဒ်၌ ဖေါ်ပြခဲ့ဘူးသလို လောက၌ မိမိ၌ “အား” ရှိလျှင် ရှိသလို မိမိတို့ နိုင်ငံ လူမျိုး လူ့အဖွဲ့အစည်း အတွက် အသုံးချနိုင်ပါသည် ... ။ မိမိ နိုင်ငံ လူမျိုးလူ့အဖွဲ့အစည်း၌ “ အား” ရှိမှလည်း ကမ္ဘာ့အကျိုး လောက အကျိုး ဆောင်ရွက်နိုင်ပေမည် ... ။
အလှူခံ ပုဂ္ဂိုလ်လာလျှင် မိမိ၌ တခုခုရှိမှ သူအား တခုခုပေးနိုင်မည် ... ၊ မိမိ၌ တခုခုတစုံတရာ မရှိခဲ့သော် ထို အလှူခံ ပုဂ္ဂိုလ်အား (က န်တော့ဆွမ်းပါဘုရား ဟု ဆိုသည်မှလွဲ၍) တစုံတရာ တခုခု ပေးနိုင်မည်မဟုတ်ပေ ... ။
ထို့ကြောင့် အရင်ဦးစွာ မိမိ၌ တစုံတရာ တခုခုရှိအောင် ပထမ ဆောင်ရွက်ရပါ၏ ... ။ ထို့ နောက် မိမိ၌ တစုံတရာ တခုခု ရှိလာသောအခါ ၎င်းတို့ကို လောကအတွက် ပြန်လည်အသုံးချ ဆောင်ရွက်ခြင်းဖြစ်၏ ... ။ ထိုသဘောတရားသည် ပရဟိတဖြစ်၏ ... ။
ဤသဘောတရားအရ အရင်ဆုံး မိမိကိုယ်ကို မိမိ အားရှိအောင် အရင် တည်ဆောက်ရန် လိုပေ၏ ... ။ သို့သော် အားရှိအောင် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်မှာ ၎င်းအားတွေဖြင့် မိမိဘ၀ကို လောကအတွက် ပြန်လည် အသုံးချခြင်း လုပ်ငန်းကို မဇ္ဈိမပဋ္ဋိပဒါ လမ်းစဉ်ဟု ခေါ်ပါ၏ ... ။
မဇ္ဈိမပဋ္ဋိပဒါ လမ်းစဉ် သဘောတရားအပေါ် ပြန်လည်သုံးသပ်ကြည်ကြပါစို့…..
လောက၌ အတ္တဟိတ ကိုယ်ကျိုး စီးပွါးချည်းသက်သက် လုပ်သူဟူသမျှသည် မိမိအတွက်ချည်း တကိုယ်ကောင်းစိတ်ထားဖြင့် လုပ်နေသမျှ ကာလပတ်လုံး မိမိကိုယ်ကျိုး စီပွါးကိုမျှပင် ထူထောင်၍ မရပေ ... ။ ထူထောင်ရသည်ဆိုပါလျှင်လည်း အထင်အားဖြင့် ထူထောင် နေခြင်းသာဖြစ်ပါ၏ ... ။
“ အမှန်” အားဖြင့် နိုင်ငံနှင့် လူမျိုး လူ့ အဖွဲ့အစည်းအကျိုး လောကအကျိုးကို ပြုနိုင်သထက် ပြုနိုင်မှသာ (သို့) မိမိဘ၀ကို ကိုးကွယ်ခြင်းမဟုတ်ဘဲ မိမိဘ၀အား လောကအတွက် ပေးဆပ်နိုင်မှသာလျှင် မိမိအကျိုးစီးပွါးကို ထူထောင်နိုင်၏ ... ။ ဤအမြင်နှင့် ဤအကျင့်သည် ဗုဒ္ဓအဆုံးအမမှ လာသော၊ ဘုရားလောင်းဘ၀ ဖြစ်စဉ်မှလာသော အမြင်နှင့်ကျင့်စဉ်သာဖြစ်ပါ၏ ... ။
ဤအမြင်နှင့် ဤအကျင့်အား မြန်မာနိုင်ငံသားတို့၏ သန္တာန်၌ အမြစ်တွယ်စေရန် ဗုဒ္ဓအဆုံးအမ စာပေများ၌လည်းကောင်း ... ၊ ပုဂံခေတ် ရှင်အရဟံ ... ၊ အနော်ရထာ မင်းတရားတို့သည် လည်းကောင်း ... ၊ ဘုရင့်နောင်၊ အလောင်းဘုရား တို့သည် လည်းကောင်း၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လည်းကောင်း ... ၊ သမ္မတကြီး ဂျော့ဝါရှင်တန်၊ သမ္မတကြီး အီဗရာဟန်လင်ကွန်း တို့သည် လည်းကောင်း...၊ အိန္ဒိယ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ ... ၊ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တို့သည်လည်း ကောင်း ... ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အသက်စွန့်ခဲ့ကြသူ ...၊ ကိုယ်ကျိုးစွန့် အသက်ရှင် ကျန်ရစ်သူများသည် လည်းကောင်း ... ၊ မျက်မှောက်ခေတ် ပြည်သူလူထုအတွက် လောကအတွက် မိမိတို့ဘ၀များကို ပေးဆပ်ခဲ့ကြသော ကျောင်းသားများ၊ နိုင်ငံရေးသမားများသည် လည်းကောင်း တွေ့ရမည် ဖြစ်ပါ၏ ... ။ မိမိက ကြည့်တတ်ရန်သာ လိုပေ၏။
အထက်၌ ဖေါ်ပြခဲ့သော သဘောတရားများသည် မြန်မာ့နိုင်ငံရေး အယူအဆ၏ အခြေခံရမည့် သဘောတရားများ အဖြစ်လည်းကောင်း ... ၊ လူငယ် လူရွယ်များအတွက် လမ်းညွှန်အဖြစ် လည်းကောင်း ... ၊ ဗုဒ္ဓတရားတော်လာ အဆုံးအမများအဖြစ် လည်းကောင်း ... ၊ ဘ၀နှင့် ဆိုင်သော အသိတရား၊ သတိတရား၊ မြင့်မြတ်သော ပုဂ္ဂိုလ်တို့၏ စံတန်ဖိုးများအဖြစ် လည်းကောင်း၊ အတုယူဖွယ်၊ မှတ်သားဖွယ်၊ လက်တွေ့ လိုက်နာ ကျင့်သုံးအပ်သော အကြောင်းတရားများအဖြစ် လေ့လာ ရေးသားအပ်ခြင်းဖြစ်ပါ၏ ... ။
(ကျမ်းကိုး - ဆရာကြီးဦးရွှေအောင် ရေးသားစီရင်သော “ဗုဒ္ဓ” အနှိုင်းမဲ့ကျေးဇူးရှင်)
နှိုင်းယှဉ်ချက်)
ပုဂံကို သမုဒ္ဒရာဇ်မင်းမှ ၁၀၇ - ၁၅၂ အတွင်း တည်ထောင်ခဲ့သည်ဟု လေ့လာ တွေ့ရှိရပါသည်။ အင်္ဂလိပ် သက်ဦးဆံပိုင် ဘုရင်စနစ်ကို ၄၀၀ မှစတင်၍ ၁၆၀၃ ၌ စည်းမျဉ်းခံ ဘုရင်စနစ်ကို စတင် ကျင့်သုံးခဲ့ပါ၏။ ပထမမြန်မာနိုင်ငံတော်ကို အနော်ရထာမှ ၁၀၄၄ - ၁၀၇၇ ၌ စုစည်းတည်ထောင်ပါသည်။
ယေဘုယျအားဖြင့် မြန်မာတို့ နိုင်ငံထူထောင်သည့်အချိန်သည် အင်္ဂလိပ်ထက်စောပါသေးသည်။ ပုဂံစေတီပုထိုးများနှင့် အင်္ဂလန်မှ အထင်ကရ သမိုင်းဝင် အဆောက်အဦးတို့မှာ တစ်ခေတ်တည်း တည်ဆောက်ခဲ့ကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ပုဂံကတောင် ပို၍စောလျှင် စောနိုင်ပါသေးသည်။ စိန့်ပေါလ် ဘုရားကျောင်းနှင့် ပုဂံအာနန္ဒာဘုရားတို့မှာ မရှေးမနှောင်းတည်ဆောက်ခဲ့ကြပါသည်။
တတိယမြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက် ကာလအတွင်း၌ မြန်မာတို့ လောကဓါတ်ပညာရပ်ပိုင်းတွင် များစွာခေတ်နောက် ကျကျန်ခဲ့ပေပြီ။ အဘယ့်ကြောင့်ဆိုသော် နယူတန်အကြောင်း မြန်မာတို့ သိသည်မှာ အလွန်နောက်ကျနေခဲ့ခြင်းကြောင့် ဖြစ်ပါ၏။၂၀၀၇ ခုနှစ်ထုတ် အတွေးအမြင်စာစောင်၌ စာရေးသူ ဆရာ ဘိုးလှိုင်၏ “စတီဖင်ဟော့ကင်းအက်ဆေးများ” ဟူသောဆောင်းပါး ၌ အကြောင်းအရာတခုသည် အထူးသတိပြုစရာဆင်ခြင်စရာ၊ ပြန်လည်သုံးသပ်ဆန်းစစ်စရာ အဖြစ်လေ့လာတွေ့ရှိပါသည်။
၁။ ၁၈၂၄ တွင် မိုက်ကယ်ဖါရာဒေးသည် လျှပ်စစ်ပညာရှင်ကြီးအဖြစ် ထင်ပေါ်နေချိန်၌ မြန်မာပြည်၌ အင်္ဂလိပ် - မြန်မာပထမစစ်ဖြစ် ပွါးလျှက်ရှိပြီး အောက်မြန်မာနိုင်ငံအား အင်္ဂလိပ်တိုက သိမ်းပိုက်လိုက်ချိန်ဖြစ်၏။ မြန်မာတို့ လျှပ်စစ်အကြောင်း ထိုအချိန်က မသိ သေးပေ။ မကြားဘူးသေးချေ။
၁။ ၁၈၂၄ တွင် မိုက်ကယ်ဖါရာဒေးသည် လျှပ်စစ်ပညာရှင်ကြီးအဖြစ် ထင်ပေါ်နေချိန်၌ မြန်မာပြည်၌ အင်္ဂလိပ် - မြန်မာပထမစစ်ဖြစ် ပွါးလျှက်ရှိပြီး အောက်မြန်မာနိုင်ငံအား အင်္ဂလိပ်တိုက သိမ်းပိုက်လိုက်ချိန်ဖြစ်၏။ မြန်မာတို့ လျှပ်စစ်အကြောင်း ထိုအချိန်က မသိ သေးပေ။ မကြားဘူးသေးချေ။
၂။ အက်ဒီဆင်က လျှပ်စစ်ဓါတ်အား၊ လျှပ်စစ်မီးသီးတီထွင်ပြီး တယ်လီဖုန်းကို ကောင်းသည်ထက် ကောင်း အောင် စမ်းသပ်နေချိန် မြန်မာတို့၏ သိပ္ပံပညာကို ဦးဆောင်မည့် ယောမင်းကြီး ဦးဘိုးလှိုင်မှ အရာကျနေ ချိန်ဖြစ်နေပြန်ပါသည်။ J. J. Thomson တို့လူသိုက် လျှပ်စစ်မီးချောင်းနှင့် စမ်းသပ်မှုတွေလုပ်ပြီး အီလက်ထရွန်ကို ရှာဖွေတွေ့ရှိသောအချိန်တွင် မြန်မာတို့ အင်္ဂလိပ်လက်အောက်သို့ လုံးလုံးကျရောက်သွားပြီဖြစ်သည်။
၃။ တဖန် ၁၉၀၀ ခုနှစ်ဝန်းကျင်၌ မြန်မာမျိုးချစ်တို့၏ နယ်ချဲ့ကိုပြန်လည်တိုက်ခိုက်တော်လှန်မှုများ ချုပ်ငြိမ်းစပြုနေချိန်၌ ဂျာမဏီမှ မက်စ်ပလန့်၏ ကွမ်တန်သီအိုရီပေါ်ပေါက်သော ၂၀ ရာစုအစ နှစ်သစ် မြန်မာတို့ ခေါင်းမထောင်နိုင်ခဲ့သော နှစ်ကာလတွေဖြစ် နေပြန်ပါ သည်။
၎။ ၁၉၀၅ ခုနှစ် အိုင်စတိုင်း၏ အလင်းနှင့် လျှပ်စစ် သဘာဝကိုပြသော သီအိုရီနှင့် ရီလေတစ်ဗတီသီအိုရီ ပေါ်ပေါက်ခဲ့ပါသည်။ ထိုကာလအတောအတွင်း မန္တလေးမြို့၌ “ ကမ္ဘာကြီး ပြားသည် / လုံးသည်” စကားစစ်ထိုးပွဲကျင်းပခဲ့ပြီး မြန်မာဘုရင်ခေတ်မှ မြန်မာဝန်ကြီးဟောင်း၊ မင်းကြီးဟောင်းတို့ နားထောင်ခဲ့ကြောင်း ဖတ်ခဲ့ရဘူးပါသည်။ ထိုပွဲ၌ ကမ္ဘာ “ ပြားသည်” ဘက်ကို ဒိုင်က အနိုင်ပေးလိုက်သည်ဟု ဆိုပါသည်။
၅။ မြန်မာနိုင်ငံအပေါ် အဂ်လိပ်မှကျူးကျော်သိမ်းပိုက်သည့် အကြောင်းဖတ်ရလေတိုင်း အင်္ဂလိပ်က စစ်လက်နက်ပစ္စည်း သာလွန်သောကြောင့် မြန်မာတို့ က ရှုံးနိမ့်ခဲ့ရကြောင်း ရေးထားတာဖတ်ခဲ့ရပါသည်။
မြန်မာတို့သည် သတ္တိ ဗျတ္တိအရာ၌လည်း ခေသူမဟုတ်ပါ၊ စစ်ပညာအရာမှာလည်း မညံပါ။ သို့ အဘယ့်ကြောင့် မြန်မာတို့စစ် လက်နက်သည် နောက်ကျကျန်ခဲ့ပါသနည်း။ ဤအကြောင်းနှင့်ပတ်သက်၍ သမိုင်း၌ ခိုင်မာသော အကြောင်းပြချက် အထောက်အထား မတွေ့ရသေးပါ။
ဖေါ်ပြပါအချက်အလက်များသည် တခေတ်တခါက မြန်မာတို့၏ အခြေအနေများကို ထင်ဟက်ဖေါ်ညွှန်းလျှက်ရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ဤနိုင်ငံရေး သိပ္ပံလေ့လာရေးစာတမ်းသည် မြန်မာတို့၏ ခေတ်အဆက်ဆက်အခြေအနေများတို့၏ နိုင်ငံရေးအယူအဆများနှင့် နိုင်ငံရေးအခြေအနေများကို ပြန်လည်လေ့လာဆန်းစစ် သုတေသနပြုခြင်းမှာ မျက်မှောက်ခေတ် မြန်မာနိုင်ငံ အခြေအနေများသည် မည်သည့်အကျိုးဆက်မှ ဆင်းသက်ခဲ့သနည်း၊ မည်သည့်အတိုင်းအတာထိ သက်ရောက်ခဲ့သနည်း ဆိုသည့်ကို လေ့လာ တင်ပြခြင်း ဖြစ်ပါသည်။ လေ့လာသူ စာဖက်ပရိသက်အပေါင်းသည် ဤစာမျက်နှာများ၏ နောက်ကွယ်၌ရှိသော အကြောင်းရင်း များကို တွေ့မြင်နိုင်လိမ့်မည်ဟု စဉ်းစားနိုင်လိမ့်မည်ဟု ယူဆပါ၏။
ဤလေ့လာရေးစာတမ်း၌ မြန်မာ့နိုင်ငံရေးအယူအဆများ၏ စံတန်ဖိုးများအား ဖေါ်ပြခဲ့ပါပြီ။ လေ့လာသူများအနေဖြင့် သင့်တော်ရာ ရှုထောင့်များမှ ပြန်လည်သုံးသပ်၍ လိုအပ်သည်ကိုယူ၊ မလိုအပ်သည်များကို ဖယ်ရှားကာ မြန်မာ့လူ့အဖွဲ့အစည်း၏ စံတန်ဖိုးများအား ဆက်လက်ထိန်းသိမ်း၍ အနာဂတ်တိုင်းပြည်ကြီးကို ဦးဆောင်နိုင်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပါစေဟု ဆုတောင်းရင်း ပထမပိုင်း လေ့လာမှုများအား ဤနေရာ၌ အဆုံးသပ်မည်ဖြစ်ပါသည်။
28.2.2015
Sources...
http://www.ashinpanna.com/
http://praykhineaye.blogspot.com/2010_07_18_archive.html