အရှင်ပညာလင်္ကာရနှင့် တကာ၊မများ(ဘန်ကောက်)သည် ငွေကျပ် (၇,၈၈၈,၀၀၀) ခုနှစ်ဆယ့်ရှစ်သိန်း ရှစ်သောင်းရှစ်ထောင်ကျပ်ကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ တိမ်ညိုပရဟိတကျောင်းသို့ (၂၂.၁၁.၂၀၁၃) နေ့တွင် ပညာသင်ထောက်ပံ့ရေးအဖြစ် လှူဒါန်းခဲ့ပါသည်။
ထိုတိမ်ညိုပရဟိတကျောင်းတွင် မိဘများဆင်းရဲနွမ်းပါး၍ ပညာဆက်မသင်နိုင်သော ရခိုင်ပြည်နယ် နေရာအနှံ့အပြားမှ ကျောင်းသား၊ သူ (၁၅၀)တို့အား ဆရာတော်မှ ကျောင်းနေ၊ကျောင်းစားအဖြစ် တာဝန်ယူလက်ခံ၍ ပညာသင်ပေးနေသော ပရဟိတကျောင်း တစ်ကျောင်းလည်းဖြစ်သည်ကို မိမိကိုယ်တိုင် သွားရောက်၍ လေ့လာခဲ့ပြီးဖြစ်ပါသည်။
ထိုတိမ်ညိုပရဟိတကျောင်းတွင်
ပရဟိတကျောင်းကို စတင်ထူထောင်ခဲ့သော ဆရာတော်မှ မိန့်ကြားရာတွင် “ ဆရာတော်တို့ပရဟိတကျောင်းကို ၁၉၉၇ ခု မေလ (၅)ရက်နေ့တွင် ကျောင်းသား၊ သူ (၂၅) ယောက်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိ ၂၀၁၃- ၂၀၁၄ ပညာသင်နှစ်မှာတော့ ကျောင်းသား၊ သူ (၁၅၀) ဦးထိ ရှိလာခဲ့တယ်။ ဒါတောင် ဒီနှစ်မှာ နေရာထိုင်ခင်း အခက်အခဲကြောင့် လက်မခံနိုင်ခဲ့တဲ့ ကျောင်းသား၊သူ (၅၀)ယောက်လောက်ရှိတယ်” ဟု စတင်ဖွင့်လှစ်ခဲ့ချိန်နှင့် လက်ရှိ ကျောင်းသား၊သူများ တိုးပွါးလာပုံကို မိန့်ကြားခဲ့ပါသည်။
ထပ်လောင်း၍ ဆရာတော်က မိန့်ကြားခဲ့သည်မှာ “ ဆရာတော်တို့ကျောင်းမှာက ကျောင်းသား၊ သူများဟာ မြို့နယ်အသီးသီး၊ ကျေးရွာအသီးသီးမှ ဆင်းရဲနွမ်းပါးတဲ့မိဘများက လာအပ်ကြတာဆိုတော့ သူတို့ကို ကျောင်းနေ၊ ကျောင်းစားအဖြစ် လက်ခံတာဝန်ယူပေးရတယ်။ ဒါကြောင့်လည်း စားစရိတ်၊ နေရာအတွက် အဆောင်ဆောက်လို့ ကုန်ကျစရိတ်၊ ကျောင်းဆရာ၊ မ ခြောက်ယောက်ရဲ့ လစဉ်လခ စသည်ဖြင့် အကုန်အကျက ပိုများတယ်” ဟု ဆရာတော်မှ မိန့်ကြားခဲ့ပါသည်။
လက်ရှိ တမ်ညိုပရဟိတကျောင်း၏ တစ်နှစ်တာကုန်ငွေ အကျဉ်းချုပ် (၂၀၁၃-၂၀၁၄)
၁။ ကျောင်းဆရာ (အထက်တန်းပြ) ၃-ယောက် ၆၀၀၀၀၀ x ၃ (တစ်နှစ်) ၁,၈၀၀,၀၀၀
၂။ ကျောင်းဆရာ (အလယ်တန်းပြ) ၂-နှစ်ယောက် ၂၀၀၀၀၀ x ၂ (တစ်နှစ်) ၄၀၀,၀၀၀
၃။ ကျောင်းသား၊သူ (၁၅၀) အား ကျောင်းအပ်ငွေ (တစ်နှစ်) ၂၀၀,၀၀၀
၎။ စာအုပ်၊ ဘောပင်စသော သင်ထောက်ကူပစ္စည်းများ (တစ်နှစ်) ၂၅၀,၀၀၀
၅။ စားစရိတ် တစ်လ ၇,၅၀၀၀၀ x ၁၂ (တစ်နှစ် ) ၉,၀၀၀,၀၀၀
၆။ နေ့စဉ်စာကျက်ရန် ဆီစရိုက် တစ်လ ၁,၃၅၀၀၀ x ၁၂ (တစ်နှစ်) ၁,၆၀၀,၀၀၀
၇။ ကျောင်းသား၊သူများစားရန် ထမင်းချက်သမားခ (တစ်နှစ်) ၁၇၀,၀၀၀
စုစုပေါင်းတစ်နှစ်တာကုန်ငွေ
ပညာပါရမီဖြည့်လိုသော ပုဂ္ဂိုလ်များအတွက်
လိပ်စာ…
တိမ်ညိုပရဟိကျောင်း
မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ။
ဖုန်း - ၀၉၄၉၆၇၅၄၀၇ (ဆရာတော်)
ဖုန်း - ၀၈၃၁၈၂၇၇၁၈ (ထိုင်း)
E-mail- ashinpanna.5@gmail.com
Myominmg.99@gmail.com