''ဆင်းရဲမွဲတေသူတွေကို ပစ်ပယ်ပြီး တရားမျှတမှုမရှိတဲ့ စီး ပွားရေးစနစ်ကို မထူထောင်နဲ့လို့ တို့ပြောချင်တယ်''
''ငွေကြေးနဲ့ လောကီရေးကို ပလ္လင်ပေါ်တင်ကိုးကွယ်ဆည်းကပ်နေမှုဟာ ဒီကနေ့ လောကီလူ့ဘောင်အဖွဲ့အစည်းရဲ့ ကင်ဆာရော ဂါ ဖြစ်တယ်။ ငွေကြေးနဲ့ လောကီရေးကို ဦးထိပ်ထားမှုကြောင့် လောကကြီးမှာ အနှစ်သာရကင်းမဲ့မှုတွေ၊ မာနကြီး စိတ်ကြီးဝင် မှုတွေနဲ့ ပလွှားမှုတွေ တစ်နေ့ထက်တစ်နေ့ တိုးပွားလာ နေတယ်''
''မျက်မှောက်ခေတ်ကမ္ဘာကို အထိန်းအချုပ် မရှိတဲ့ ရုပ်ဝါဒ အတွေးအမြင်တွေက ကျွန်ပြုလျက်ရှိတယ်။ ဒီလို ကမ္ဘာကြီးက လူတွေ ကို အလုပ်အကိုင် မပေးဘူး။ ဒုက္ခ ရောက်နေသူတွေကို အကူအညီ မပေးဘူး။ ကလေးတွေ ငတ်မွတ်ပြီး သေမလိုဖြစ်နေရင်လည်း အလေး မထား ဂရုမစိုက်ဘူး''
''တို့တစ်တွေ ဒီလို လောကီရေး အတွေးအမြင်တွေကို ပစ်ပယ်ဖယ်ရှားဖို့ လိုနေပြီ။ ဘာ ကြောင့်လဲဆိုတော့ ဒါဟာ ခရစ် တော်ရဲ့ ဝိÓဉ်တော်နဲ့ လုံးလုံးလျား လျားကြီး ဆန့်ကျင်တယ်''
ဒီအဆိုအမိန့်တွေကတော့ မကြာသေးမီကမှ ရိုမန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းတော်ကြီး - Roman Catholic Churchရဲ့ ဦးသျှောင် သာ သနာပိုင်ဖြစ်လာခဲ့ တဲ့ Pope Francis ရဲ့ ဟောပြော မိန့်ကြားချက်များထဲက ကောက် နုတ်ချက်တွေ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်း ဖရန်စစ်ဟာ အရင်းရှင် ဈေးကွက်စီးပွား ရေးစနစ်ရဲ့ အနိဋ္ဌာရုံတွေနဲ့ အလို လောဘကြီးမှုတွေကို ရှင်းရှင်းလင်း လင်းကြီး ထုတ်ဖော်မိန့်ကြား ဝေ ဖန်ထောက်ပြနေတာ ဖြစ်တယ်။
ပုပ်ရဟန်းမင်းဟာ ဟော ပြောမိန့်ကြားရာမှာသာ ပြတ်သားတာ မဟုတ်ဘူး။ လုပ်ဆောင်ရာမှာလည်း အင်မတန် ရဲတင်းတယ်။ ပုပ်ဖရန်စစ်ဟာ ပကာသနဖက်တဲ့ ကြီးကျယ်ခမ်းနားတဲ့ အစဉ်အလာ အဆောင်အယောင်တွေကို ပစ်ပယ်တယ်။
အခြားသော ပုပ်ရဟန်း မင်းတွေလို ရွှေရည်တလက်လက်ဝင်းနေတဲ့ လက်ဝါးကပ်တိုင်ပုံ ဆွဲကြိုးကလေးကို လည်ပင်းမှာ ဆွဲ ချိတ် မထားဘူး။ သာမန် သံလက် ဝါးကပ်တိုင် ပုံကလေးကိုပဲ သူ့လည်ပင်းမှာ ပုပ်ဖရန်စစ်က ချိတ်ဆွဲထားတယ်။ ပုပ်ရဟန်းမင်းများ စီးတဲ့ ဖိနပ်နီ မစီးဘူး။ ရိုးရိုးဖိနပ်ပဲ စီးတယ်။ ပုပ်ရဟန်းမင်းစီးဖို့ သီးသန့်ထားတဲ့ Vatican One မာစီဒီးကားကြီးကို မစီးဘူး။ ပွန်းရာ ခြစ် ရာတွေထင်နေတဲ့ ဖို့ဒ်ဖိုကပ်- Ford Focu ကားကလေးကိုပဲ စီးတယ်။
ပုပ်ဖရန်စစ်ဟာ အခြားသော ပုပ်ရဟန်းမင်းများလို ရဟန်းမင်းအဆက်ဆက် စံပယ်တော်မူတဲ့ ဗာတီကန်နန်းတော်- Vatican Palace မှာ မနေဘူး။ သာမန် ခရစ်ယာန် ဘုန်းတော်ကြီးများ နေတဲ့ အဆောင်တစ်ခုမှာပဲ နေတယ်။ ''ဗာတီကန် နန်းတော်ထဲမှာ လူ ၃ဝဝ နေထိုင်နိုင်လောက်အောင် ကျယ်ဝန်းတယ်။ ဒါပေမယ့် ငါ့အ တွက် ဒီလောက်နေရာအကျယ်ကြီး မလိုဘူး''လို့ ပုပ်ဖရန်စစ်က ဆို တယ်။
ပုပ်ရဟန်းမင်းအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး နောက်နေ့တစ်နေ့မှာ ပုပ်ဖရန်စစ်ဟာ အကျဉ်းထောင်တစ်ခုဆီ သွား ရောက်ခဲ့ ပြီး အပြစ်ကျခံနေရတဲ့ အကျဉ်းသားတွေရဲ့ခြေထောက် များကို ရေနဲ့ ဆေးကြောသုတ်သင် ပေးခဲ့တယ်။
ဒါဟာ အထူးအဆန်း ဖြစ်ရပ်တစ်ခုတော့ မဟုတ်ပါဘူး။ အခြားသော ပုပ်ရဟန်းမင်းများ လည်း အဲသလို လုပ်လေ့လုပ်ထ ရှိ ပါတယ်။ ဒါပေမယ့် ဘယ်ဟာက အများနဲ့ မတူဘဲ ထူးခြားနေသလဲ ဆိုတော့ ပုပ်ဖရန်စစ်ဟာ အစ္စ လာမ်ဘာသာဝင် မွတ်စလင်အမျိုးသမီး တစ်ဦးရဲ့ ခြေထောက်များကို ဆေးကြောပေးခဲ့တဲ့အပြင် ဘယ်ဘာသာကိုမှ မယုံကြည်မကိုးကွယ်တဲ့ အကျဉ်းသားတစ်ဦး ရဲ့ ခြေထောက် များကိုလည်း ဆေးကြော ပေးခဲ့တယ်။
ပုပ်ဖရန်စစ်က ထာဝရ ဘုရားသခင်- God ဟာ ကက်သ လစ်ဘာသာဝင်တွေရဲ့ ထာဝရ ဘုရားသာ မဟုတ်ဘူး၊ လူသား အားလုံးရဲ့ ဘုရားသခင် ဖြစ်တယ် လို့ မိန့်ကြားခဲ့ပါသေးတယ်။
ပုပ်ရဟန်းမင်း ဖရန်စစ် ရဲ့ အခုလို ဟောပြောမိန့်မြွက်ချက်များနဲ့ လက်တွေ့ ဆောင်ကြဉ်း လုပ်ကိုင်ပြနေမှုများဟာ ကက်သ လစ် ခရစ်ယာန် ဘာသာဝင်များ အသိုင်းအဝန်းထဲကနေပြီး ပြင်ပ ကမ္ဘာကိုပါ ပျံ့လွင့်ထွက်ပေါ် ရိုက် ခတ်လျက် ရှိတယ်။
ရိုမန်ကက်သလစ် ခရစ်ယာန်ဂိုဏ်း တော်
တကယ်လို့ ရိုမန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းတော်ဟာ နိုင်ငံတစ်နိုင်ငံသာ ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ တရုတ်နဲ့ အိန္ဒိယပြီး ရင် တတိယ လူဦးရေ အများဆုံး နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတစ်ဝန်းမှာ ရိုမန်ကက်သလစ် ခရစ် ယာန် ဘာသာဝင်ပေါင်း ၁.၂ ဘီ လီယံလောက် ရှိတဲ့အတွက်ကြောင့်ပါပဲ။
Roman Catholics (RC) ဂိုဏ်းကို တည်ထောင်သူဟာ ခရစ်တော်- Jesus ကိုယ်တော်တိုင် ဖြစ်တယ်လို့ အစဉ်အလာအားဖြင့် သတ်မှတ်ကြတယ်။ ပထမဆုံးအသင်းတော်ရဲ့ ဘုန်းကြီးက စိန့်ပီတာ- St. Peter ဖြစ်တယ်။ ဒီလို ဆိုပေမယ့် တကယ်တော့ ရောမ အင်ပါယာရဲ့ ဘုရင်ဧကရာဇ်တွေ ကိုယ်တိုင်ခရစ်ယာန်ဘာသာကို ယုံကြည်စိတ်ဝင်စားလာတဲ့ အေဒီသုံးရာစု၊ လေး ရာစု ရောက်တော့မှ RC ဟာ အတည်တကျ ဖြစ်လာခဲ့ တာပါ။
တစ်ချိန်တစ်ခါက ရောမ မြို့တော် အခြေစိုက် RC ဂိုဏ်းဟာ ဥရောပတစ်ခွင်မှာ တန်ခိုးသြဇာအာဏာ အလွန်ကြီးမားခဲ့တယ်။ သူတို့က ကမ္ဘာကြီး ပြားတယ်ဆိုရင် ဘယ်သူကမှ မပြားဘူး၊ လုံးတယ်လို့ မပြောရဲကြဘူး။ လက် တင်ဘာသာစကားနဲ့ ရေးသား ထားတဲ့ သမ္မာကျမ်း- Bible စာအုပ်ကို အခြားဘာသာ မပြန်ဆိုရဘူး။ ဒီတားမြစ်ချက်ကို ဖောက်ဖျက်ရင် ဘာသာရေးပြစ်မှု ကျူးလွန် သူအဖြစ် စွပ်စွဲခံရတယ်။
ဒီကနေ့ခေတ်မှာတော့ ဒါမျိုးတွေ မရှိတော့ပါဘူး။ ဒါပေ မယ့် RC က အယူအဆအချို့ကို စွဲကိုင်ထားဆဲ ဖြစ်တယ်။ ပမာအား ဖြင့် ကိုယ်ဝန်ဖျက်ချတာကို ခွင့်မပြုဘူး။ ကိုယ်ဝန်ရှိတယ်ဆိုတာက လူသားတစ်ယောက် ဒီကမ္ဘာထဲကို ကနဦးအစ ဝင်ရောက် လာခြင်း ဖြစ်တယ်။ ကိုယ်ဝန်ဖျက်ချခြင်းဟာ လူတစ်ယောက်ကို သတ်ဖြတ် တာ ဖြစ်တယ်လို့ ယူဆတယ်။
လိင်တူချင်း ဆက်ဆံတာ၊ မင်္ဂလာဆောင်တာကိုလည်း RC က လက်မခံဘူး။ ယောက်ျားနဲ့ မိန်းမပဲ အိမ်ထောင်ပြုသင့်တယ် လို့ ယူဆတယ်။ ပြီးတော့ လင်မယားကွဲတာကိုလည်း ခွင့်မပြုဘူး။ အချို့နိုင်ငံတွေမှာ အခြေအနေအရ ကိုယ်ဝန်ဖျက်ချမှုကို အတိုင်း အတာတစ်ခုအထိ ဥပဒေအရ တရားဝင် ခွင့်ပြုမှုတွေ ရှိလာတယ်။ လိင်တူချင်း ဆက်ဆံတာကို တရားဥပဒေအရ ခွင့်ပြုမှုတွေ ပေါ် ထွက်လာတယ်။ ဒီတော့ RC ဂိုဏ်း တော်နဲ့ RC ဘာသာဝင်တွေအ ကြားမှာ အဖုအထစ်တွေ ဖြစ်လာ တယ်။
ဒီတော့ တိုးတက်တယ်ဆိုတဲ့ ဖွံ့ဖြိုးပြီး ဥရောပနိုင်ငံတွေမှာ ကက်သလစ်ဂိုဏ်းဝင်သူတွေ လျော့နည်းသွားတယ်။ ဒါပေမယ့် ရှေး အယူအဆတွေကို စွဲကိုင်ထားကြ ဆဲ ဖြစ်တဲ့ မတိုးတက်တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ကက်သလစ်ဘာသာ ဝင်တွေ တိုးပွားလာတယ်။ ကိန်းဂ ဏန်းအရ ပြောမယ်ဆိုရင် အမေရိ ကန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေမှာ RC ဘာသာဝင် သန်း ၃၇ဝ ပဲ ရှိ တယ်။ အမေရိကတိုက် အလယ် ပိုင်း၊ တောင်အမေရိက၊ အာဖရိက နဲ့ အာရှမှာ RC ဘာသာဝင်ပေါင်း သန်း ၈၃ဝ ရှိတယ်။
ပုပ်ရဟန်းမင်း ဖရန်စစ်ရဲ့ ဘဝပုံ ရိပ်
အာဂျင်တီးနားနိုင်ငံရဲ့ RC ဂိုဏ်းချုပ်ကြီး Archbishop Jorge Mario Bergoglio ဟာ သက်တော် ၇၅ နှစ် ပြည့်လွန်လာ တော့ ထုံးတမ်းစဉ်လာအတိုင်း ဂိုဏ်းချုပ်ကြီး ရာထူးမှ အငြိမ်းစား ယူဖို့အတွက် ပုပ်ရဟန်းမင်း Benedict XVI ဆီမှာ ခွင့်ပန်လွှာ တင် သွင်းထားခဲ့တယ်။
ဖြစ်ချင်တော့ ဒီလိုအ ချိန်မှာ ပုပ်ရဟန်းမင်းဟာ မထင်မှတ်ဘဲ ရုတ်တရက် ပုပ်ရဟန်းမင်း ရာထူးမှ နုတ်ထွက်သွားတယ်။ ဒါက ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကပါ။ ဒီတော့ အီတလီ နိုင်ငံ ဗာတီကန်စီးတီး- Vatican City မှာ မတ်လအတွင်း ပုပ်ရဟန်း မင်းသစ် ရွေးချယ်တင်မြှောက်ရေး အတွက် ကမ္ဘာတစ်ဝန်းမှ RC ဂိုဏ်းချုပ်ကြီးတွေကို ဖိတ်ကြားခဲ့ တယ်။ ဒီအထဲမှာ Bergoglio လည်း ပါဝင်ခဲ့တယ်။
ရွေးချယ်ပွဲကို မတ်လ ၁၂ ရက်နေ့မှာ ပထမအကြိမ် ကျင်းပပြီး ၁၃ ရက်နေ့မှာ ဒုတိယအကြိမ် အပြီးသတ် ကျင်းပခဲ့တယ်။ Bergoglio အရွေးချယ်ခံရတယ်။ ၂ဝ၁၃ ခုနှစ် မတ်လ ၁၄ ရက် ကြာသပတေးနေ့မှာ Bergoglio ဟာ ရိုမန်ကက်သလစ် ခရစ်ယာန် ဂိုဏ်းတော်ကြီးရဲ့ ၂၆၆ ဦးမြောက် ပုပ်ရဟန်းမင်း တရား ဝင် ဖြစ်လာခဲ့ပြီး ပုပ်ရဟန်းမင်းရဲ့ အမည်ကို Pope Francis လို့ ရွေး ချယ်ခေါ်တွင်စေခဲ့တယ်။
တကယ်တော့ ပုပ်ရဟန်းမင်းသစ်ဟာ ၁၃ ရာစုက ထွက်ပေါ်ခဲ့တဲ့ သူတော်စင် St. Francis ရဲ့ အမည်ကို တမင် သက်သက် ရွေး ချယ်ခဲ့ခြင်းဖြစ်တယ်။ စိန့်ဖရန်စစ်ဟာ အီတလီအလယ်ပိုင်း တောင်ပေါ်ရွာကလေး အက်ဆီဇီမှာ နေထိုင်ခဲ့လို့ St. Francis of Assisi အမည်နဲ့ ထင်ပေါ်ကျော် ကြားခဲ့တယ်။ သူဌေးသား ဖြစ်ပေမယ့် စုတ်ပြဲနေတဲ့ အဝတ်အထည်များကို သူတောင်းစားလို ဝတ်ဆင် ပြီး နယ်လှည့်သာသနာပြုခဲ့တဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါး ဖြစ်တယ်။
Bergoglio ကို အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနိုးစ်အေး ရီးစ်မှာ ၁၉၃၆ ခုနှစ်က မွေးဖွားခဲ့တယ်။ ဖခင်ဖြစ်သူက အီတလီ သား၊ မိခင်က အာဂျင်တီးနားဇာတိ။ မိဘနှစ်ပါးစလုံးက RC ဘာ သာဝင်တွေ ဖြစ်တယ်။ အသက် ၂ဝ ကျော်အရွယ်မှာ ခရစ်ယာန် ကျမ်းစာသင်ကျောင်း တက်ရောက် သင်ကြားတယ်။ အသက် ၃၃ နှစ် မှာ Jesuits ခရစ်ယာန်ဘုန်းကြီး ဖြစ်လာခဲ့တယ်။
Jesuits တွေဆိုတာက ကက်သလစ် ခရစ်ယာန်ဂိုဏ်းတော် ရဲ့ ရှေ့တန်းစစ်မျက်နှာက ပါဝင်လှုပ်ရှားကြရတဲ့ ဘုန်းကြီးတွေဖြစ် တဲ့အတွက် ဆင်းရဲသားရပ်ကွက်များမှာ နေထိုင်ကြပြီး ဆင်းရဲသားတွေရဲ့ ကောင်းကျိုးအတွက် အနစ်နာခံ အဆင်းရဲခံကာ လုပ်ကိုင် ကြ ရတယ်။ တစ်နည်းပြောရင်တော့ ဆင်းရဲသားထုရဲ့ ဘက်တော်သားတွေ ဖြစ်ကြတယ်။
၁၉၇၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ အာဂျင်တီးနားမှာ စစ်တပ်က အာဏာသိမ်းတော့ Jesuits ဘုန်းကြီးအတော်များများ အဖမ်းအဆီး အနှိပ်စက်ခံခဲ့ကြရတယ်။ Bergoglio လည်း ပြဿနာတက်တယ်။ မြို့တော်နဲ့ ဝေးလံ ခေါင်ဖျား အရပ်ဒေသကို ရွှေ့ ပြောင်း ခံရ တယ်။ အဲဒီနောက်ပိုင်း Bergoglio ရဲ့ အရည်အသွေးကို မြင်တတ်တဲ့ ဂိုဏ်းချုပ်ကြီးတစ်ဦး ရောက်လာတော့မှ မြို့တော်ပြန် ရောက် လာခဲ့ပြီး ဂိုဏ်းအုပ်- Bishop ရာထူး တိုးမြှင့်ခံရတယ်။ ၁၉၉၈ ခုနှစ်ရောက်တော့မှ Bergoglio ဟာ ဂိုဏ်းချုပ်ကြီး- Archbishop ဖြစ် လာတယ်။
Bergoglio ဟာ ဂိုဏ်း ချုပ်ဖြစ်လာပေမယ့် ခမ်းကြီးနားကြီး ခရစ်ယာန် ဘုရားကျောင်းaတ်ာမှာ မနေဘူး။ ဘုရားကျောင်း ရဲ့ နီးနား ဝန်းကျင်မှာ အခန်းတစ်ခန်း ငှားရမ်းပြီး နေထိုင်တယ်။ မြို့တွင်းမှာ သွားရင်၊လာရင် ဘတ်စ်ကားစီးတယ်။ အထူးသဖြင့်တော့ မြို့တော် ဝန်းကျင်က ဆင်းရဲသား ရပ်ကွက်များကို သွားရောက်တာ များတယ်။ ဒါကြောင့် ဆင်းရဲသား များရဲ့ ဒုက္ခကို သိတယ်။ မြင် တယ်။ အကူအညီ ပေးတယ်။
အခု ပုပ်ရဟန်းမင်းဖြစ်လာတော့ ဆင်းရဲသားတွေရဲ့ ဘဝကို ပိုပြီး ထောက်ကူပေးချင်တယ်။ ဒီကနေ့ ကမ္ဘာကြီးရဲ့ အောက်ခြေ ဆင်းရဲသား ၅ဝ ရာခိုင်နှုန်းရဲ့ ဥစ္စာဓန ပိုင်ဆိုင်မှုဟာ တစ်ရာခိုင်နှုန်းတောင်မရှိတဲ့ အခြေအနေ အနေအထားမှာ အရင်းရှင် ဈေးကွက် စီး ပွားရေးကြောင့် ကမ္ဘာပေါ်မှာ ဆင်း ရဲမွဲတေမှု ကျဆင်းလာတယ်လို့ ဝါဒဖြန့်နေမှုဟာ ၂၁ ရာစုရဲ့ ပြက် လုံးတစ်ခုပဲ မဟုတ်လား။
တစ်လောက ဂျာမနီနိုင် ငံက ဂိုဏ်းအုပ်ဘုန်းကြီးတစ်ပါးဟာ ဘုရားကျောင်းတော်ကို အမေရိ ကန်ဒေါ်လာ ၄၂.၅ သန်း အကုန် အကျခံပြီး ပြုပြင်ခဲ့တယ်။ ဘုန်းကြီးရဲ့ ရေချိုးခန်းထဲက ရေကူးကန် ကလေးကိုလည်း ဒေါ်လာ၂ဝ, ၅ဝဝ အကုန်ခံပြီး ပြင်ဆင်တယ်။ ဒီသတင်းကို ပုပ်ဖရန်စစ်ကြားသိလာတော့ အဲဒီဂိုဏ်းအုပ်ဘုန်းကြီးကို တာဝန်မှ ယာယီရပ်ဆိုင်းပစ်ခဲ့တယ်။
ပုပ်ဖရန်စစ်က ကက်သလစ်ခရစ်ယာန် ဘုန်းကြီးများကို ဘုရားကျောင်းထဲမှာပဲ ဇိမ်ခံမနေဘဲ ကျောင်းပြင်ထွက်ပြီး ဆင်းရဲ သားတွေ ဆီ သွားရောက်အကူအညီ ပေးကြဖို့ ဆော်သြတိုက်တွန်းလျက်ရှိတယ်။ ခရစ်ယာန် ဘုရားကျောင်းရဲ့ ကြေးမုံပေါ်မှာ ဆင်းရဲသားထု ရဲ့ ပုံရိပ် ထင်ဟပ် ပေါ်လွင်ပါစေလို့ ပုပ်ရဟန်းမင်း က ဆိုတယ်။
ပုပ်ဖရန်စစ်ရဲ့ ဗာတီ ကန်တော်လှန်ရေး စတင်နေပါပြီ။
မင်းရွှေမောင်
Ref : "Pope Francis", TIME, Dec 23, 2013.