Quantcast
Channel: သုတဘဏ်တိုက် Knowledge Bank
Viewing all articles
Browse latest Browse all 98

အမျိုးသားအင်အားပြိုင်ဆိုင်နိုင်မှု စွမ်းရည်နှင့် မဟာဗျူဟာ

$
0
0

အမျိုးသားရေးပြိုင်ဆိုင်နိုင်မှုစွမ်းရည်
**********************************

နိုင်ငံတစ်ခုတိုးတက်တယ်ဆိုတာ National Competitiveness ဆိုတဲ့ အမျိုးသားအဆင့် ပြိုင်ဆိုင် နိုင်မှုစွမ်းရည် တိုးတက်မှ ရရှိပါတယ်။ ခေတ်က ပညာကို အခြေခံရတဲ့ခေတ်ပါ၊ သူများတွေ ]ပညာ} အကြောင်း ပြောတာကို မလွှဲသာမရှောင်သာပဲ လိုက်ပြောပြီး၊ အတတ်ပညာရဲ့ အရေးပါပုံကိုမသိဘဲ၊ လိုက်ပါမကျင့်သုံးဘဲ ဘယ်တော့မှ မအောင်မြင်ပါဘူး၊ ပညာကို အလေးထားတဲ့ခေါင်းဆောင်တွေ လိုတယ်၊ ပညာရေးကို တကယ်ပဲ ပြုပြင်ပြောင်းလဲပြီး အဆင့်မြင့်ဖို့ လိုပါတယ်၊ ကမ္ဘာကြီးကို အမေရိကန်ဦးဆောင်သွားတာ ပညာအခြေခံနဲ့ပါ၊ ပညာကို ကောင်းကောင်း တန်ဖိုးမထားတတ်တဲ့ခေတ်မှာ တရုတ်တွေ မတိုးတက်ခဲ့ပါဘူး၊ ချူအင်လိုင်လက်ထက် မှာ တရုတ် (၂ဝဝဝဝ) ကို နိုင်ငံခြားပညာတော်သင် စေလွှတ်မယ်လို့ သတင်းဖတ်ရတဲ့အချိန်မှာ ကျွန်တော် အလယ်တန်းကျောင်းသားဘဝပဲ ရှိပါသေးတယ်၊ အခု တရုတ်တွေ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး ဖြစ်ခဲ့ပါပြီ၊ လေတစ်မှုတ်လောက်သာရှိတဲ့ စင်ကာပူကို ဘယ်သူကမှ မစော်ကားရဲပါဘူး၊ ရက်ပိုင်းအတွင်းက ဖတ်လိုက်ရတဲ့သတင်းအရဆိုရင် စင်ကာပူက NTU အပါအဝင် ကျောင်းတချို့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် အဆင့်ကို ရောက်သွားကြပါပြီ၊

.
အမျိုးသားအဆင့်မဟာဗျူဟာ
****************************
နိုင်ငံကို ဦးဆောင်ကြသူတွေ၊ ဦးဆောင်ကြမယ့်သူတွေမှာ National Strategy ကောင်းကောင်း ရှိထားရပါမယ်၊ National Agenda ထဲမှာ ထည့်ထားရပါမယ်။ အဲဒီမှာ ဗျူဟာအစုအပေါင်းဟာ National Interest ဆိုတဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ထောက်ပံ့ရပါ့မယ်၊ ဖွံ့ဖြိုးတိုးတက်စေရပါ့မယ်၊ အမျိုးသားအကျိုးစီးပွားဆိုတာ Nationalism ဆိုတဲ့ အမျိုးသားရေးဝါဒ မဟုတ်ဘူး၊ Nationalism ဆိုတာ အမျိုးသားအကျိုးစီးပွား ခေါင်းစဉ်အောက်က တစ်ခုသောခေါင်းစဉ်သာ ဖြစ်ပါတယ်၊ နိုင်ငံတစ်ခုရဲ့ ယှဉ်ပြိုင် နိုင်အားကို တိုင်းတာတဲ့ညွန်းကိန်း National Competitiveness Index ရှိပါတယ်၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စတာတွေကို စုပေါင်းထားတယ်၊ တိုးတက်သွားတဲ့နိုင်ငံတွေကို လေ့လာရင် ညွန်းကိန်း မြင့်တဲ့ နိုင်ငံတွေချည်းဖြစ်လို့ တိုက်ဆိုင်မှု မဟုတ်ပါဘူး၊

တောင်-မြောက် ကိုရီးယား (၂) နိုင်ငံ ကွဲပြားစဉ်အခါက မြောက်ကိုရီးယားက တောင်ကိုရီးယားထက် အစစအရာရာ သာလွန်ခဲ့တယ်၊ စစ်ရေး၊ စီးပွားရေး၊ ပညာရေး အစစအရာရာ သာလွန်တာပါ၊ တောင်ကိုရီးယားသမ္မတ ပတ်ခြုံဟေးအနေနဲ့ ပညာကို အခြေခံပြီး အတော်ကြိုးစားယူခဲ့ရတယ်၊ ခပ်ပြင်းပြင်း လုပ်ခဲ့တယ်၊ သူ့အရိုက်အရာကို ဆက်ခံကြတဲ့သူတွေကလည်း သူ့မူကို-ဆက်ပြီး အကောင်အထည်ဖော်နိုင်ခဲ့ကြလို့ ဒီနေ့ဆိုရင် တောင်ကိုရီးယားက မြောက်ကိုရီးယားထက် အစစအရာရာ အများကြီး ပြန်ပြီး ကျော်လွန်သွားခဲ့ တာ တွေ့ရပါလိမ့်မယ်၊

ဆင့်ကဲဩဇာများအထိ သိရန်လို
*******************************

အချို့ နိုင်ငံခေါင်းဆောင်တွေက အမျိုးသားအဆင့် ယှဉ်ပြိုင်နိုင်စွမ်းဆိုတာတောင် မသိနိုင်ကြတဲ့ သူတွေ ရှိသေးတယ်၊ ခေါင်းဆောင်တွေအနေနဲ့ ဒီထက်တောင် ပိုသိကြရင် ပိုကောင်းပါတယ်၊ ဘာကြောင့် အမေရိကန်တွေ အခြားနိုင်ငံအရေးမှာ လိုက်ပါနေရတာလဲဆိုတာကို လေ့လာရင် … Influences on Competitiveness ဆိုတာကို သဘောပေါက်နေကြလို့ပဲ ဖြစ်တယ်၊ စင်ကာပူက လီကွမ်ယူနဲ့ မလေးရှားက မဟာသီယာ နှစ်ဦးဟာ ၁၉၈ဝ-၉ဝ ကာလတွေမှာ ဒေသခေါင်းဆောင် Regional Leader တွေအဖြစ် ပြိုင်ဆိုင် ကြိုးစားခဲ့ကြဖူးတယ်၊ လီကွမ်ယူက မဟာသီယာထက် ပိုပြီးပါးနပ်တာကို တွေ့ရတယ်၊ လီကွမ်ယူကပဲ တောက်လျှောက် ဦးဆောင်နိုင်ခဲ့တယ်၊ နောက်ဆုံး သူတို့အာဏာကို လက်ဆင့်ကမ်း လွှဲပြောင်းပေးတဲ့ပုံစံမှာ တောင်မှ တစ်ဦးနဲ့တစ်ဦး မတူညီကြဘူး၊ လီကွမ်ယူက သေသွားတဲ့အထိ စိုးရိမ်စရာမရှိဘဲ သေသွားခဲ့ပေမယ့် မဟာသီယာကတော့ ဒီနေ့ မလေးရှားရာဂျစ်အပေါ် ဩဇာမရှိနိုင်တော့ပါဘူး၊

World Economy

Broad Economic Area

Group of Neighboring Nations

Nations

States, Provinces

Cities, Metropolitan Area

Villages

( From bottom to Top orderly )

အထက်ပါပုံပြကို လေ့လာရင် ခေါင်းဆောင်တစ်ဦးဟာ Nation ဆိုတဲ့ အမျိုးသားအဆင့်ထက် ပိုစဉ်းစားရလိမ့်မယ်ဆိုတာကို ပြနေပါတယ်၊ နောက်ဆုံး Neighboring Nations (Regional) နဲ့ ကမ္ဘာ့ စီးပွားရေးရဲ့ လားရာ၊ အခြေအနေတွေအထိကို စဉ်းစားရပါ့မယ်၊ အဲဒီအဆင့်တွေကျရင်တော့ စီးပွားရေး သက်သက်နဲ့ ထိုးဖောက်လို့ မရတော့ပါဘူး၊ နိုင်ငံရေးနဲ့တွဲဖက်ပြီး၊ ထိုးဖောက်ရမယ့်အဆင့် ဖြစ်လာပြီး၊ အပေါ် သုံးဆင့်မှာ နိုင်ငံရေးကဏ္ဍ ပိုပြီးပါဝင်လာတဲ့သဘောပါ၊

.
မဟာဗျူဟာလည်းဆွဲ၊ လုပ်ရပ်လဲတိုင်းတာ
*****************************************
မဟာဗျူဟာကိုတော့ ကောင်းနိုးရာရာ ရေးဆွဲလေ့ရှိပါတယ်၊ ဒါပေမယ့် ဘယ်လောက်အလုပ်ဖြစ်မယ့် မဟာဗျူဟာတစ်ရပ်ဆိုတာကတော့ ရလဒ်ပေါ်မှာ မူတည်ပါတယ်၊ မြန်မာနိုင်ငံမှာ အဓိက အားနည်းနေတာက Monitoring System ဆိုတဲ့ အလုပ်ဖြစ်-မဖြစ်၊ ရလဒ် ထွက်-မထွက် စောင့်ကြည့်စနစ် အလွန်အားနည်း နေတာပါပဲ။ တချို့နေရာတွေမှာ လုံးဝမရှိဘူး၊ တချို့နေရာတွေမှာ လူကြီးကပြောသွားပြီး လိုက်ပါမလုပ်ကြဘူး၊ ဥပမာ - ရန်ကုန်-နေပြည်တော်လမ်းက တွန့်လိမ်နေတာပါပဲ၊ တာဝန်ရှိသူတွေကို မဖော်ထုတ်နိုင်ခဲ့ဘူး၊ ကျွန်တော့်ရုံးနားမှာ လမ်းခင်းသွားတယ်၊ အောက်မှာ ဘာတွေထည့်သွားသလဲဆိုတာ ဓာတ်ပုံရိုက်ထားလိုက် တယ်၊ လမ်းကို ပြန်ဖောက်စစ်ဆေးရင် ပေါ်ပါတယ်၊

နိုင်ငံတစ်ခုတိုးတက်ဖို့ စီးပွားရေးက မောင်းနှင်အားပါ၊ Economic Performance ကို ဘယ်သူ တွေက စစ်ဆေးကြတယ်၊ ဘယ်နေရာမှာ အားနည်းလို့ ဘယ်လို ပြင်ဆင်ကြတယ်၊ ဘယ်လို ဖြည့်ဆည်းပေးတယ် ဆိုတာတွေကို ဆက်ပြီး ဆောင်ရွက်ကြရပါမယ့်၊ လိုက်ပါလုပ်ဆောင်၊ ဖြည့်ဆည်း၊ ပြင်ဆင်တာ အလွန် အားနည်း ပါတယ်၊ ပညာအခြေခံခေတ် ပိုပြီးပီပြင်လာပါပြီလို့ အားလုံးက လက်ခံထားခဲ့ကြပါပြီ၊ Curriculum တွေကို ဘယ်အဆင့်က ဘယ်လောက် ပြင်ထားပြီးကြပြီလဲ၊ သင်ကြားပေမယ့် ဆရာ-ဆရာမများရဲ့ အရည်အချင်းကို လည်း ဘယ်လောက် ဖြည့်ဆည်းပြီးပြီလဲ၊ အပြသဘောလောက်ပြင်ရုံနဲ့ မရပါဘူး၊ တစ်နိုင်ငံလုံး အတိုင်းအတာ အထိ ပြင်ရပါလိမ့်မယ်၊ ပြီးရင် လက်တွေ့သင်ကြားရေးမှာ ဘယ်လောက် ထိထိရောက်ရောက် ပြောင်းလဲနိုင်ပြီလဲ ဆိုတာ ကို Monitor လုပ်ပေးရပါဦးမယ်၊

အာဆီယံ (၁ဝ) နိုင်ငံ ရှိပါတယ်၊ Knowledge Production ဆိုတဲ့ ပညာရပ် ပြန်လည်ထုတ်လုပ်မှုမှာ မြန်မာနိုင်ငံက နောက်ဆုံးဖြစ်နေပါတယ်၊

.
တကယ်လုပ်ကိုင်မယ်ဆိုရင်
***************************
စီးပွားရေးစီမံခန့်ခွဲမှုကို သင်ကြားပေးနေသူတစ်ဦးအနေနဲ့ နောက်မျိုးဆက်သစ်တွေ နိုင်ငံတာဝန် တစ်စုံတစ်ရာ ရယူထမ်းဆောင်ကြတဲ့အခါမှာ အမြင်ကျယ်အောင်၊ တစ်ခြားနိုင်ငံတွေရဲ့ စဉ်းစားပုံစဉ်းစားနည်း၊ လုပ်ပုံကိုင်ပုံတွေကိုပါ မျှဝေရပါတယ်၊ ဥပမာ - အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်း၊ စင်ကာပူ ရဲ့ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း၊ စင်ကာပူ စဉ်းစားပုံစဉ်းစားနည်းနဲ့ ထိုင်းရဲ့ စဉ်းစားပုံစဉ်းစားနည်းက ပထဝီအရ ကွဲပြားတယ်၊ ထိုင်းက နယ်မြေကျယ်တော့ သူ့နိုင်ငံကို အပိုင်းလိုက်ခွဲပြီး လေ့လာရေးတွေ လုပ်ရတယ်၊ ဘန်ကောက်၊ တောင်၊ မြောက်၊ အလယ်ပိုင်းစသဖြင့် စီးပွားရေးပုံစံတွေကို သုတေသနတွေလုပ်ပြီး ဗဟိုအစိုးရ ကို တင်တယ်၊ ပြီးတော့ ဖြည့်ဆည်းရေးတွေ ဆောင်ရွက်တယ်၊

လယ်ယာစိုက်ပျိုးရေးကစပြီး၊ မိရိုးဖလာ ကုန်ထုတ်လုပ်မှု၊ နောက်ဆုံး မော်တော်ကားထုတ်လုပ်မှုတွေ အဆုံး လေ့လာမှုတွေ အများကြီးလုပ်ရတယ်၊ ကိုယ့်လုပ်ငန်းလေးတွေ တစ်ခုချင်း တိုးတက်ဖို့ ကြိုးစားတာထက် Cluster ဆိုတဲ့ အစုအစည်းလိုက် တိုးတက်အောင် မြ§င့်တင်မှ ပိုပြီးအကျိုးရှိကာ၊ တိုးတက်မှုမြန်တာကို တွေ့လာ ကြတယ်၊ ဥပမာ - Honda ကို Ayudhaya ၊ Suzuki ကို Pathumthani ၊ Toyota ကို Chachoengsao စတဲ့နယ်တွေမှာ ထုတ်တယ်၊ အဲဒီကားတွေဖြစ်လာဖို့ အစိပ်အပိုင်းထုတ်လုပ်သူတွေကို ပင်မလုပ်ငန်းနဲ့ ချိတ်ဆက် စဉ်းစားတယ်၊ အဲဒီအစုအဝေးကို Cluster လို့ခေါ်တယ်၊ အတွေ့အကြုံတွေကိုရယူပြီး Thailand's Competitiveness Agenda ဆိုပြီး အခါအားလျော်စွာ ပြင်ဆင် အကောင်အထည်ဖော်သွားတယ်၊
စီးပွားရေးဝန်းကျင် (Business Environment)
အစုအဖွဲ့ဖွံ့ဖြိုးမှု (Activate Cluster Development)
ကော်ပိုရိတ်မဟာဗျူဟာ (Transform Corporate Strategies)
အစိုးရနဲ့ စီးပွားရေးကဏ္ဍ (Redefine the Roles of Business & Government)
ဒေသအဆင့် စီးပွားရေးမူဝါဒဖြေလျော့ (Decentralize More of Economic Policy to the Regional Level)

ဒေသတစ်ခုချင်းစီကို အထက်ပါပုံစံနဲ့ ချဉ်းကပ်စဉ်းစားကြပြီး ဒေသအလိုက် စီးပွားရေးလုပ်ငန်းတွေ ကို ဖြည့်ဆည်းမောင်းနှင် တိုးတက်စေပါတယ်၊

.
တစ်နံတစ်လျား သက်ရောက်စေ
*******************************
မတူတဲ့ဒေသတွေမှာရှိတဲ့ မတူတဲ့စီးပွားရေးတွေကို အသေအချာလေ့လာပြီးမှ အမျိုးသားအဆင့် စီးပွားရေးဆိုတာ ဖြစ်လာရတာပါ၊ စားပွဲခုံပေါ်ကနေ စီးပွားရေးမူဝါဒတွေကို စိတ်မှန်းနဲ့ရေးဆွဲလို့ မရပါဘူး၊ တစ်နိုင်ငံလုံးကို သုတေသနတွေလုပ်၊ Monitoring system ကောင်းကောင်းထား၊ ညွန်းကိန်းတွေကို မျက်ခြည် မပြတ်စောင့်ကြည့်၊ ပြီးတော့မှ Cross-National Strategy and Competitiveness ဆိုတဲ့အဆင့် ဖြစ်လာ ရပါတယ်၊

ပြီးတော့ နောက်တစ်ဆင့်က Cross-National Economic Coordination ဆိုပြီး မူဝါဒထဲမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုပြီး တစ်ဆင့်တက်လာတယ်၊ မူဝါဒချမှတ်ရာမှာ ဧရိယာ (၅) ခုအပေါ် အခြေခံစဉ်းစားတာ တွေ့ရတယ်၊

Factor (input) Condition (အခြေအနေဖက်တာ)
Context for Strategy and Rivalry (ပြိုင်ဘက်နှင့်မဟာဗျူဟာ)
Demand Conditions (ဝယ်လိုအား)
Related and supporting industries (ဆက်စပ်နေသော အထောက်အပံ့လုပ်ငန်းများ)
Regional governance (ဒေသစီမံခန့်ခွဲမှုနှင့်အုပ်ချုပ်ရေး)

ထိုင်းရဲ့ Cross-National Economic Coordination ကို လေ့လာရင် ဂုရုကြီး Porter Five Forces ဆိုတဲ့ ]ပေါ်တာရဲ့အားငါးခု} ကို အခြေခံထားတာ တွေ့နိုင်ပါတယ်၊ အတော်အသုံးဝင်တဲ့ သီအိုရီ ဖြစ်ပါ တယ်၊

ကျွန်တော်တို့နိုင်ငံ တော်တော်လုပ်ယူရဦးမယ့်အခြေအနေ ဖြစ်ပါတယ်၊ သီအိုရီကို ကောင်းကောင်း မသုံးနိုင်သေးတာရယ်၊ လက်တွေ့နဲ့ သီအိုရီကို သဟဇာတဖြစ်အောင် မလုပ်ယူနိုင်သေးတာရယ်၊ သုံးတဲ့နေရာ အချို့မှာ ပြည့်စုံစွာ မလေ့လာဘဲ၊ သီအိုရီသက်သက် အတင်းဇွတ် အကောင်အထည်ဖော်နေတာရယ်တွေဟာ အဓိက အားနည်းချက်ပါ၊ လက်တွေ့စီးပွားရေးလုပ်ငန်း လုပ်ဖူးတဲ့သူတွေမှ လုပ်ငန်းသဘောကို သိကြပါတယ်၊ လက်တွေ့လုပ်ငန်းသဘောမရှိဘဲ သီအိုရီကို ဘယ်လိုသုံးရမလဲဆိုတာ လူတိုင်းမသိနိုင်တာကြောင့် အမှားတွေရဲ့ ဝဲဂယက်မှာ ဆက်ပြီး တဝဲလည်လည်ပဲ ဖြစ်နေဦးမယ်လို့ သုံးသပ်ရပါတယ်၊ ဒါကြောင့် ရှေးလူကြီးတွေ အဆုံးအမ တစ်ခုကို သူတို့အတွေ့အကြုံနဲ့ထားခဲ့တာ ဖြစ်ပါလိမ့်မယ်၊ အဲဒါကတော့ “လူမှန်-နေရာမှန်” ပဲ ဖြစ်ပါတယ်။

နေဇင်လတ် ၂၅-၉-၁၅ (၁၆ဝ၉)

Viewing all articles
Browse latest Browse all 98

Trending Articles