Quantcast
Channel: သုတဘဏ်တိုက် Knowledge Bank
Viewing all articles
Browse latest Browse all 98

အာဆီယံ ပညာတော်သင်ဆု (စင်ကာပူ)

$
0
0





ပထမဆုံး အနေနဲ့ အာဆီယံ ပညာတော်သင်ဆု အကြောင်း ရေးချင်ပါတယ်။ အာဆီယံ ပညာတော်သင်ဆု ASEAN Scholarship ဟာ စင်ကာပူ အစိုးရက မြန်မာ အပါအဝင် အခြား အာဆီယံ ၉ နိုင်ငံက ကျောင်းသားများ အတွက် ချီးမြှင့်တဲ့ ပညာတော်သင်ဆု ဖြစ်ပါတယ်။

အခြား အာဆီယံ မဟုတ်တဲ့ နိုင်ငံက ကျောင်းသားတွေနဲ့ သူတို့ စင်ကာပူ နိုင်ငံသားများ မလျှောက်ထားနိုင် ပါဘူး။ အာဆီယံနိုင်ငံ တနိုင်ငံစီ အတွက် ကိုတာ (Quota) သီးသန့်စီ ရှိပါတယ်။ ဒါကြောင့် မြန်မာ ကျောင်းသား များ အတွက် အတော်အတန် လွယ်ကူတဲ့ ပညာတော်သင်ဆု တခု ဖြစ်ပါတယ်။


ဒီ ပညာသင်ဆုရဲ့ ရည်ရွယ်ချက် ကတော့ အာဆီယံနိုင်ငံ အချင်းချင်း ချစ်ကြည်ရေး၊ အာဆီယံ ဒေသတွင်း ဖွံဖြိုးရေး နဲ့ စင်ကာပူ နိုင်ငံ နဲ့ ဆက်ဆံရေး တိုးတက်စေ ရေး တို့ ဘဲဖြစ်ပါတယ်။

ပညာတော်သင်ဆုကြေး အနေနဲ့ ကတော့ နေရေးထိုင်ရေး၊ ထောက်ပံငွေ၊ အခြား ဆေးခွင့်နဲ့ အာမခံ ခံစားခွင့်တွေ၊ ကျောင်းလခ၊ စာမေးပွဲကြေး စသဖြင့် ပေးမှာ ဖြစ်တဲ့ အတွက် ဘာမှ မကုန်ကျတဲ့ အပြင် ချွေတာတတ်ရင် အသားတင် ငွေယားလေးတွေ ပင် ရနိုင်ပါတယ်။

အထက်တန်း (secondary school), တက္ကသိုလ် အကြိုတန်း (junior college)၊ တက္ကသိုလ် ဘွဲ့ကြိုတန်း (undergraduate) နဲ့ ဘွဲလွန်တန်း (graduate-Master) တွေ အားလုံး အတွက် သက်ဆိုင်ရာ အလိုက် ပညာတော်သင်ဆုကြေး အနေနဲ့ ခံစားခွင့် တွေ ပါပါတယ်။

အာဆီယံ ပညာတော်သင်ဆု အကျဉ်းချုပ်။

၁။ စင်ကာပူ အစိုးရက အာဆီယံ နိုင်ငံများ က ကျောင်းသားများ အတွက် ချီးမြှင့်တဲ့ ဆု။

၂။ ဆုရဲ့ ရည်ရွယ်ချက်။
(က) အာဆီယံနိုင်ငံ အချင်းချင်း ချစ်ကြည်ရေး၊
(ခ) အာဆီယံ ဒေသတွင်း ဖွံဖြိုးရေး နဲ့
(ဂ) စင်ကာပူ နိုင်ငံ နဲ့ ဆက်ဆံရေး တိုးတက်စေ ရေး။

၃။ မြန်မာ များ အလွယ်တကူ ရနိုင်တဲ့ ဆု။
(က) အခြား အာဆီယံ မဟုတ်တဲ့ နိုင်ငံက ကျောင်းသားတွေ၊ စင်ကာပူ နိုင်ငံသားတွေ မလျှောက်ထားနိုင် ပါ။
(ခ) အာဆီယံနိုင်ငံ တနိုင်ငံစီ အတွက် ကိုတာ (Quota) သီးသန့်စီ ရှိပါတယ်။

၎။ ဆု ခံစားခွင့် များ
(က) နေရေးထိုင်ရေး ကျောင်း အဆောင်။
(ခ) လစဉ် ထောက်ပံ ကြေးငွေ (စင်ကာပူ ဒေါ်လာ)။
(ဂ) စာမေးပွဲကြေး အပါအဝင် လစဉ် ကျောင်းလခ။
(ဃ) အခြား ဆေးခွင့်နဲ့ အာမခံ ခံစားခွင့်များ။

၅။ လျှောက်ထားနိုင်သော အတန်းများ
(က) အထက်တန်း (secondary school)၊
(ခ) တက္ကသိုလ် အကြိုတန်း (junior college)၊
(ဂ) တက္ကသိုလ် ဘွဲ့ကြိုတန်း (undergraduate) နဲ့
(ဃ) ဘွဲလွန်တန်း (graduate-Master)




အာဆီယံ ပညာတော်သင်ဆု (စင်ကာပူ) - အပိုင်း ၁။

၁။ အထက်တန်း (secondary school) နဲ့ တက္ကသိုလ် အကြိုတန်း (junior college) များ။

(က) စင်ကာပူ ပညာရေး ဝန်ကြီးဌာန။ မြန်မာတို့ အတွက် အာဆီယံ ပညာတော်သင်ဆု။ (website ကတော့ moe.gov.sg/education/scholarships/asean/myanmar)
- ပညာသင်နှစ် ၄ နှစ် မြန်မာ ၉တန်း မှ GCE A-Level အထိ။ (Singapore-Cambridge General Certificate of Education Advanced Level)
- အရည်အချင်း နှစ်စဉ် စစ်ဆေး ပြီး အရည်အသွေး ပြည့်မီ သူများကို သာ ပညာသင်ဆု ဆက်လက် ချီးမြင့်မည်။
- မြန်မာ့ ပညာရေး ဝန်ကြီးဌာန မှ အမည် တင်သွင်းသော ကျောင်းသား များကိုသာ စဉ်းစား ရွေးချယ်မည်။
- ပဏာမ ရွေးချယ်ခြင်း မခံရသူ များ အရည်အချင်း ပြည်မီခဲ့ပါက ပြန်လည် စဉ်းစား ပေးမည်။


(ခ) လျှောက်ထား နိုင်သူများ။
- မြန်မာ နိုင်ငံသား ဖြစ်ရမည်။
- မြန်မာ့ ပညာရေး ဝန်ကြီးဌာန မှ အမည် တင်သွင်းသော ကျောင်းသား ဖြစ်ရမည်။
- အနည်းဆုံး ပညာ အရည်အချင်း ၉ တန်းအောင်ရမည်။
- အသက် ၁၆ နှစ်ထက် မကြီးရ။
- ၉ တန်း နှင့် ၁၀ တန်း တွင် အင်္ဂလိပ်စာ ဖြင့် အဓိက သင်သောကျောင်းမှ ဖြစ်ရမည်။
- စာမေးပွဲ ရလဒ် များ အစဉ်တစိုက် ကောင်းမွန်သူ ဖြစ်ရမည်။
- အင်္ဂလိပ်စာ (ရေးဖတ်ပြောနားထောင်) ကျွမ်းကျင်သူ ဖြစ်ပြီး ကျောင်းပြင်ပ အခြား လူမှုရေး လုပ်ငန်းများ တွင် အစဉ်တစိုက် တက်တက် ကြွကြွပါ ဝင် သူဖြစ်ရမည်။

(ဂ) စုံစမ်းရန်။
လျှောက်ထား လိုသူများ မြန်မာ့ ပညာရေး ဝန်ကြီးဌာန နဲ့ ဆက်သွယ် လျှောက်ထားပါ။

(ဃ) အကျိုး ခံစားခွင့်များ။
- နေရေးထိုင်ရေး ကျောင်း အဆောင် အပါအဝင် နှစ်စဉ် (secondary school အတွက်) စင်ကာပူ ဒေါ်လာ၂၂၀၀။ (junior college အတွက်) စင်ကာပူ ဒေါ်လာ ၂၄၀၀။
- ပြောင်းရွေ့ စားရိတ် စင်ကာပူ ဒေါ်လာ ၄၀၀။ (တကြိမ်သာ ခံစားခွင့်ရှိသည်။)
- ကျောင်းလခ။ (အခြား အထွေထွေ စားရိတ်များ မပါ ဝင်ပါ။)
- GCE O-Level နဲ့ A-Level အတွက် စာမေးပွဲကြေးများ။ (တကြိမ်သာ ခံစားခွင့်ရှိသည်။)
- အစိုးရ မျှပေး ကျန်းမာရေး စားရိတ် နှင့် မတော်တဆမှု အာမခံကြေး။




အာဆီယံ ပညာတော်သင်ဆု (စင်ကာပူ) - အပိုင်း ၂။

စင်ကာပူရဲ့ တက္ကသိုလ် ပညာရေး Tertiary Education

တက္ကသိုလ် ဘွဲ့ကြိုတန်း များ အတွက် အာဆီယံ ပညာတော်သင်ဆု အကြောင်းမပြော ခင် ဒီ အပိုင်း ၂ မှာ စင်ကာပူရဲ့ တက္ကသိုလ် ပညာရေး Tertiary Education အကြောင်း အရင်ပြောပါ ရစေ။ စင်ကာပူ ဟာ အင်္ဂလန်လို ပညာရေး နဲ့ စီးပွားရှာတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် စင်ကာပူမှာ ပုဂ္ဂလိက ကျောင်းပေါင်း မရေမတွက်နိုင်အောင် ရှိပါတယ်။

အဲဒီ ပုဂ္ဂလိက ကျောင်းပေါင်း များစွာ ထဲကမှ စင်ကာပူ ပညာရေး ဝန်ကြီးဌာန အသိအမှတ်ပြု EduTrust လက်မှတ်ရ တဲ့ ကျောင်း (စုစုပေါင်း ၁၀၀ ကျော် သာရှိပါတယ်။) မှ သာ အရည်အသွေးတခု ပြည့်မီတယ်လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ EduTrust လက်မှတ် ဟာ မြန်မာနိုင်ငံက တက္ကသိုလ်တွေ ISO certified လုပ်သလိုဘဲ ဖြစ်ပါတယ်။ ပညာရေး ဝန်ဆောင်မှု (education service) ရဲ့ အရည်အသွေးကို သာ ထိန်းချုပ်ပေးတာပါ။ ပညာရေး အဆင့်အတန်း (academic quality) ရဲ့ အရည်အသွေးက တော့ မိမိဘာသာ ဆုံးဖြတ်ရ မှာ ဖြစ်ရမှာပါ။

စင်ကာပူ အစိုးရ ၏ ပုဂ္ဂလိက ပညာရေး အက်ဥပဒေ အရ EduTrust လက်မှတ် ၃မျိုး ရှိပါတယ်။ ၄င်းတို့ကတော့ (အရည်အသွေး အဆင့်ပေါ်မူတည် ပြီး)
(၁) EduTrust Star (၄ နှစ် သက်တမ်း၊ JAMES COOK AUSTRALIA တက္ကသိုလ် JCU လို့ လူသိများတဲ့ ကျောင်း ၁ ကျောင်း သာရှိ)
(၂) EduTrust (၄ နှစ် သက်တမ်း၊ စုစုပေါင်း ၅၄ ကျောင်း။ ဥပမာ၊ SDH Institute, EASB, MDIS)
(၃) EduTrust Provisional Award (၁ နှစ် သက်တမ်း၊ စုစုပေါင်း ၅၂ ကျောင်း။ ဥပမာ၊ STEi Institute, Informatics Academy, KLC International Institute)

Edutrust ရဲ့ website ကတော့ cpe.gov.sg/…/edutrust-certifi…/edutrust-certification-schemeဖြစ်ပါတယ်။

ဒီတော့ စင်ကာပူမှာ မိမိ ပိုက်ဆံနဲ့ မိမိ ကျောင်း လာတက်လိုသူတွေ အနေနဲ့ ကိုယ်တက်လိုတဲ့ ကျောင်းမှာ EduTrust လက်မှတ် ရှိမရှိ Edutrust ရဲ့ website မှာ အရင် စစ်ဆေး ပြီးမှ ကျောင်းအပ်သင့် ပါတယ်။ Edutrust ရဲ့ website မှာ မိမိ ကျောင်း၏ အမည် ကို မတွေ့ရင် EduTrust မဟုတ်ပါဘူး။ မိမိ သဘောနှင့် မိမိ အပ်ချင်ရင် အပ်ပါ။ တရား မကြောင်း အရ အလိမ်ခံရတာတို့၊ သင်ကြားမှု အရည်အသွေး မပြည့်မီတာတို့ ကို စင်ကာပူ အစိုးရ က ကြားဝင် တာဝန်မယူ ပေးပါ။

တဘက်မှာတော့ စင်ကာပူမှာ အစိုးရ အသိအမှတ်ပြု အထင်ကရ တက္ကသိုလ် စုစုပေါင်း ၄ခု သာရှိပါတယ်။ ၄င်းတို့ကတော့
(က) စင်ကာပူ အမျိုးသား တက္ကသိုလ် (NUS: National University of Singapore ကမ္ဘာ့ အဆင့် ၁၂၊ အာရှ အဆင့် ၁။)
(ခ) နန်ယန်း နည်းပညာ တက္ကသိုလ် (NTU: Nanyang Technological University ကမ္ဘာ့ အဆင့် ၁၃၊ အာရှ အဆင့် ၄။)
(ဂ) စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ် (SMU: Singapore Management University)
(ဃ) စင်ကာပူ နည်းပညာ နဲ့ ဒီဇိုင်း တက္ကသိုလ် (SUTD: Singapore University of Design and Technology)

ဒီ တက္ကသိုလ်ကြီး ၄ခုမှာ NUS (၁၉၀၅ ခု မှာ တည်ထောင်) နဲ့ NTU (၁၉၉၁ ခု မှာ တည်ထောင်) သာ ကမ္ဘာ့ အဆင့်၊ အာရှ အဆင့် ဝင်တာဖြစ်ပါတယ်။ ကျန်ကျောင်း ၂ကျောင်းက တော့ ကြိုးစား နေဆဲပါ။

ဒီနေရာမှာ စင်ကာပူ ခေါင်းဆောင်များရဲ့ မဟာဗျူဟာ (strategy) ကို ထည့်ပြောပါရစေ။ စင်ကာပူဟာ သူရဲ့ ပညာရေး ရည်မှန်းချက်တွေကို အဆင့်ခွဲ (prioritization) ပြီး တဖြည်းဖြည်းချင်း လုပ်ဆောင်ခဲ့ပါတယ်။ ပထမ အဆင့် အနေနဲ့ ၁၉၀၅ ခု မှာ စတင် တည်ထောင်တဲ့ စင်ကာပူ အမျိုးသား တက္ကသိုလ် (NUS) ကို အာရှ အဆင့် ကမ္ဘာ့ အဆင့် ဝင်အောင် လုပ်ခဲ့တယ်။

ဒီလို NUS ကမ္ဘာ့ အဆင့် တက္ကသိုလ် ဖြစ်လာတော့ နိုင်ငံတကာ က ကျောင်းသားတွေ စင်ကာပူမှာ ကျောင်းတက်ဘို့ ပို ပြီး စိတ်ဝင်စား လာပါတယ်။ အဲဒီတော့ မှ နိုင်ငံတကာ က ကျောင်းသားတွေရဲ့ ကျောင်းလခတွေနဲ့ နန်ယန်း နည်းပညာ တက္ကသိုလ် ကို တဖြည်းဖြည်းချင်း အဆင့် မြှင့်ခဲ့တာပါ။ ဒါကြောင့် နန်ယန်း တက္ကသိုလ် ဟာ ကြာလေ ဝင်ခွင့်ရဘို့ ခက်လေပါ ဘဲ။ စင်ကာပူရဲ့ စီးပွားရေး တိုးတက်မှု အလုပ်အကိုင် အခွင့်အလမ်း ပေါများမှု၊ ငွေကြေးခိုင်မာမှု၊ လူနေမှု အဆင့် မြင့်ခြင်း တို့ က လည်း နိုင်ငံတကာ က ကျောင်းသားတွေ၊ ပါမောက္ခ တွေ ကို စင်ကာပူ ပညာရေးလောကထဲ ကို ဝင်လာအောင် တွန်းအားပေးပါတယ်။

ဒါကြောင့် ကျနော် က မြန်မာနိုင်ငံက Centre of Excellence (COE) တွေကို လည်း NUS အဆင့်မြှင့်ခဲ့ တုန်းက လို ဘဲ ရရသမျှ အခွင့်အရေးတွေ အားလုံးကိုပေး ပြီး COE တွေရဲ့ ပညာရေး အဆင့်ကို အမြင့်ဆုံးရောက် အောင် အရင် လုပ်စေ ချင်တာ ပါ။ ဒါဟာ Prioritization သဘော သက်သက်ပါ။ ရိုးရိုး ၅ကျပ် ရှယ် ၅ကျပ် လုပ်လို့ မရပါ။

ကန့်သတ်တဲ့ အရင်းအမြစ်တွေ (limited resources) နဲ့ တိုင်းပြည်ကို ထူထောင်ရာမှာ Prioritization က အင်မတန် အရေးကြီးပါတယ်။ COE တွေရဲ့ အရည်အသွေး ဟာ တနိုင်ငံ လုံးနဲ့ ယှဉ်ရင် ရှယ် ဖြစ်ကို ဖြစ်ရမယ်။ ရှယ် မဖြစ်ရင် ဖြစ်အောင်လုပ်ပါ။ COE တွေ ရှယ် မဖြစ်တော့တာ သေချာတဲ့ တနေ့ မြန်မာ့ ပညာရေးလည်း ရေစုန်မျော သွားလိမ့်မယ်။ COE တွေဟာ မြန်မာ ပညာရေး မြှင်တင်မှုရဲ့ ပြယုဂ်တွေ ဖြစ်ပါ တယ်။

ဒါကြောင့် အခြား တက္ကသိုလ်တွေ အနေနဲ့ COE တွေ ကို ပြိုင်ဘက်လို သဘောမထား သင့်ပါဘူး။ COE တွေကို မြန်မာ့ ပညာရေးရဲ့ ကွန်မင်ဒို အထူးတပ်ဖွဲ့ တွေလို သဘောထား သင့်ပါတယ်။ ကွန်မင်ဒို ဆိုတာ မိမိရဲ့ တပ်ဖွဲ့ထဲ့ လူတော်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ တဖွဲ့ပါ။ သူတို့ဟာ မိမိတို့ရဲ့ တူညီတဲ့ ရည်မှန်းချက် (common goal) အတွက် အရှေ့ကနေ အရင်ဆုံး တိုက်ပွဲဝင် ပေးရတဲ့ သူတွေပေါ့။






အာဆီယံ ပညာတော်သင်ဆု (စင်ကာပူ) - အပိုင်း ၃။




၂။ တက္ကသိုလ် ဘွဲ့ကြိုတန်း များ။ (undergraduate)။

ဘွဲ့ကြိုတန်း များ အတွက် အာဆီယံ ပညာတော်သင်ဆုကို စင်ကာပူ ရှိ အောက်ပါ တက္ကသိုလ် ၄ခု စလုံးက ပေးပါတယ်။
(က) စင်ကာပူ အမျိုးသား တက္ကသိုလ် (NUS: National University of Singapore)
(ခ) နန်ယန်း နည်းပညာ တက္ကသိုလ် (NTU: Nanyang Technological University)
(ဂ) စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ် (SMU: Singapore Management University)
(ဃ) စင်ကာပူ နည်းပညာ နဲ့ ဒီဇိုင်း တက္ကသိုလ် (SUTD: Singapore University of Design and Technology)

(က) စင်ကာပူ အမျိုးသား တက္ကသိုလ် (NUS: National University of Singapore) အာဆီယံ ပညာတော်သင်ဆု။

(website က တော့ nus.edu.sg/…/scholars…/freshmen/nsg/scholarship-nsg-aus.html)

(ကက) လျှောက်ထား နိုင်သူများ။

- စင်ကာပူ PR သို့ မဟုတ် အာဆီယံ နိုင်ငံသား ဖြစ်ရမည်။ (စင်ကာပူ နိုင်ငံသားများ မပါ။)
- ခေါင်းဆောင်မှု အရည်အချင်း နှင့် ပတ်သက်ပြီး အလားအလာ ကောင်းသူဖြစ်ရမည်။
- ကျောင်းပြင်ပ အခြား လူမှုရေး လုပ်ငန်းများ တွင် အစဉ်တစိုက် တက်တက် ကြွကြွပါ ဝင် သူဖြစ်ရမည်။
- အထက်တန်း ကျောင်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ရမည်။
- NUS တွင် တက္ကသိုလ် ဘွဲ့ကြိုတန်း (undergraduate) အတွက် လျှောက်ထားသူ ဖြစ်ရမည်။

(ခခ) လျှောက်ထား လိုသူများ စုံစမ်းရန်။

NUS တွင် တက္ကသိုလ် ဘွဲ့ကြိုတန်း (undergraduate) အတွက် လျှောက်ထားသူများ အားလုံး ကို ပညာတော်သင်ဆု အတွက် အလိုအလျောက် စဉ်းစား ပေးမည်။

စကာတင် ရွေးချယ် ခံရပါက လျှောက်ထားသူ၏ အထက်တန်း ပညာရေး ထူးချွန်မှု နှင့် လူတွေ့ စစ်ဆေးမှု တွင် ထူးချွန်မှု အပေါ်မူတည် ပြီး ပညာတော်သင်ဆု အား ရွေးချယ်မည်။
ပဏာမ ရွေးချယ်ခံရသူ အား လူတွေ့ စစ်ဆေးခြင်းအတွက် e-mail ဖြင့် အကြောင်းကြားပါမည်။ လူတွေ့ စစ်ဆေးခြင်းအား နှစ်စဉ် ဇန်နဝါရီ မှ ဇူလိုင် အတွင်း ကျင်းပလေ့ရှိသည်။ ပဏာမ ရွေးချယ်ခံရသူများ ကို သာ ဇူလိုင် လလယ်တွင် အကြောင်းကြား ပါမည်။

(ဂဂ) အကျိုး ခံစားခွင့်များ။

- ကျောင်းလခ (အစိုးရ မျှပေးသော ထောက်ပံကြေး နှုတ်ပြီး)
- နှစ်စဉ် ထောက်ပံကြေး စင်ကာပူ ဒေါ်လာ ၅၈၀၀။

(ခ) နန်ယန်း နည်းပညာ တက္ကသိုလ် (NTU: Nanyang Technological University) အာဆီယံ ပညာတော်သင်ဆု။

(website က တော့ admissions.ntu.edu.sg/…/Pages/ASEANUndergraduateScholarshi…/)

(ကက) လျှောက်ထား နိုင်သူများ။

- စင်ကာပူ PR သို့ မဟုတ် အာဆီယံ နိုင်ငံသား ဖြစ်ရမည်။ (စင်ကာပူ နိုင်ငံသားများ မပါ။)

- အောက်ပါ ပညာအရည်အချင်းများ မှ တမျိုးကို ထူးချွန်စွာ အောင်မြင်ရမည်။
- (ကကက) Singapore-Cambridge GCE 'A' level အောင်သူများ
- (ခခခ) စင်ကာပူ polytechnic များမှ Diploma လက်မှတ်ရထားသူများ
- (ဂဂဂ) NUS High School Diploma
- (ဃဃဃ) ၄င်းတို့နှင့် အဆင့်တူ ၁၂ နှစ် သင် ပညာရေးမှ အောင်လက်မှတ်ရှိသူများ။

- ကျောင်းပြင်ပ အခြား လူမှုရေး လုပ်ငန်းများ တွင် အစဉ်တစိုက် တက်တက် ကြွကြွပါ ဝင် သူဖြစ်ရမည်။

- ခေါင်းဆောင်မှု အရည်အချင်း နှင့် ပတ်သက်ပြီး အလားအလာ ကောင်းသူဖြစ်ရမည်။

(ခခ) လျှောက်ထား လိုသူများ သိစေရန်။

ပုံမှန် NTU ကျောင်းလျှောက်ထား သကဲ့သို့ လျှောက်ထားရမည်။ ပညာတော်သင်ဆုများ အား ထူးချွန်မှု အလိုက် ရွေးချယ်မည်။

ပညာတော်သင်ဆု မလျှောက်ထားမီ NTU ကျောင်းအား အရင် လျှောက်ထားရမည်။ ပညာတော်သင်ဆု လျှောက်ထားရန် ပုံစံ ကို online ကျောင်း လျှောက်နေ စဉ် နောက်ဆုံး အဆင့်တွင် download ရယူနိုင်သည်။

ပတ်စပို့ အရွယ် ဓါတ်ပုံ (digital image) ကို online ကျောင်း လျှောက်ရန် လိုအပ်သည်။ လျှောက်ထား လိုသူသည် ယခင် တက်ခဲ့သော ကျောင်းမှ မိမိအား စာသင်ခဲ့ဘူးသော ဆရာ တဦး က ထောက်ခံ ချက် ရယူရမည်။

မှတ်ချက်။ ပဏာမ ရွေးချယ်ခံရသူများ ကိုသာ လူတွေ့ စစ်ဆေးရန် အကြောင်းကြားမည်။

(ဂဂ) အကျိုး ခံစားခွင့်များ။
- ကျောင်းလခ (အစိုးရ မျှပေးသော ထောက်ပံကြေး နှုတ်ပြီး)
- နှစ်စဉ် ထောက်ပံကြေး စင်ကာပူ ဒေါ်လာ ၅၈၀၀။
- bond မရှိပါ။ (မှတ်ချက်။ အစိုးရ မျှပေးသော ပညာရေး ဝန်ကြီးဌာန မှ ထောက်ပံကြေး ယူထားသူများ စင်ကာပူ နိုင်ငံ တွင် အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင် ပေးရမည်။)

(ဃဃ) စည်းကမ်းချက်များ။
ပညာတော်သင်ဆု ရရှိသူ သည်
- တက္ကသိုလ် ၏ ခွင့်ပြုချက်မရဘဲ အခြား ပညာတော်သင်ဆု အား ထပ်မံလျှောက်ထားခွင့် မရှိပါ။
- နှစ်စဉ် အနိမ့်ဆုံး Cumulative Grade Point Average (CGPA) of 3.5 out of 5.0 ရရှိရမည်။
- ပညာရေး အဆင့် Grade Point Average ကို အောင်စာရင်း ထွက်တိုင်း ပြန်လည်သုံးသပ် မည်။
- ပညာရေး တိုးတက်မှု အဆင့် သတ်မှတ်ချက် မပြည့်မီ ပါက၄င်း၊ တက္ကသိုလ် ကျောင်းသား နှင့် မလျော်ညီသော အကျင့်စာရိတ္တ ရှိပါက၄င်း၊ ပညာတော်သင်ဆု အား အချိန်မရွေး ပြန်လည် ရုတ်သိမ်းနိုင်သည်။
- သတ်မှတ်ထားသော ဘွဲ့ မရသေးခင် ကျောင်းမှ နှုတ်ထွက် သို့မဟုတ် နှုတ်ထွက်ခိုင်းခြင်း ခံရပါက ရယူထားသော ပညာတော်သင်ဆုကြေး ငွေအား ပြန်လည် ပေးဆပ်ရမည်။




အာဆီယံ ပညာတော်သင်ဆု (စင်ကာပူ) - အပိုင်း ၄။

၂။ တက္ကသိုလ် ဘွဲ့ကြိုတန်း များ။ (undergraduate)။

ဘွဲ့ကြိုတန်း များ အတွက် အာဆီယံ ပညာတော်သင်ဆုကို စင်ကာပူ ရှိ အောက်ပါ တက္ကသိုလ် ၄ခု စလုံးက ပေးပါတယ်။
(က) စင်ကာပူ အမျိုးသား တက္ကသိုလ် (NUS: National University of Singapore)
(ခ) နန်ယန်း နည်းပညာ တက္ကသိုလ် (NTU: Nanyang Technological University)
(ဂ) စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ် (SMU: Singapore Management University)
(ဃ) စင်ကာပူ နည်းပညာ နဲ့ ဒီဇိုင်း တက္ကသိုလ် (SUTD: Singapore University of Design and Technology)

(ဂ) စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ် (SMU: Singapore Management University) အာဆီယံ ပညာတော်သင်ဆု။

(website က တော့ admissions.smu.edu.sg/schol…/asean-undergraduate-scholarship)

(ကက) လျှောက်ထား နိုင်သူများ။

- SMU ဘွဲ့ကြိုတန်း (undergraduate) ပထမနှစ် အတွက် လျှောက်ထားသူ ဖြစ်ရမည်။
- စင်ကာပူ PR သို့ မဟုတ် အာဆီယံ နိုင်ငံသား ဖြစ်ရမည်။ (စင်ကာပူ နိုင်ငံသားများ မပါ။)
- အထက်တန်း ကျောင်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ရမည်။
- ခေါင်းဆောင်မှု နဲ့ ပေါင်းသင်းဆက်ဆံမှု တွင် ထူးချွန်သူဖြစ် ရမည်။
- လူမှုရေး နှင့် ကျောင်းပြင်ပ အခြား လုပ်ငန်းများ တွင် အစဉ်တစိုက် တက်တက် ကြွကြွပါ ဝင် သူဖြစ်ရမည်။
- စိတ်နေစိတ်ထား နှင့် အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။

(ခခ) အကျိုး ခံစားခွင့်များ။

- ၄ နှစ် အထိ နှစ်စဉ် ကျောင်းလခ
- နှစ်စဉ် ထောက်ပံကြေး စင်ကာပူ ဒေါ်လာ ၅၈၀၀။

(ဃ) စင်ကာပူ နည်းပညာ နဲ့ ဒီဇိုင်း တက္ကသိုလ် (SUTD: Singapore University of Design and Technology) အာဆီယံ ပညာတော်သင်ဆု။

(website က တော့ sutd.edu.sg/asean_undergrad_scholarship.aspx)

(ကက) လျှောက်ထား နိုင်သူများ။

- SUTD ၏ ဘွဲ့ကြိုတန်း (undergraduate) ပထမနှစ်အား အချိန်ပြည့် တက်ရောက်ရန် လျှောက်ထားသူ ဖြစ်ရမည်။
- စင်ကာပူ PR သို့ မဟုတ် အာဆီယံ နိုင်ငံသား ဖြစ်ရမည်။ (စင်ကာပူ နိုင်ငံသားများ မပါ။)

- အောက်ပါ ပညာအရည်အချင်းများ မှ တမျိုးကို ထူးချွန်စွာ အောင်မြင်ရမည်။
- (ကကက) Singapore-Cambridge GCE 'A' level အောင်သူများ
- (ခခခ) စင်ကာပူ polytechnic များမှ Diploma လက်မှတ်ရထားသူများ
- (ဂဂဂ) NUS High School Diploma
- (ဃဃဃ) ၄င်းတို့နှင့် အဆင့်တူ ၁၂ နှစ် သင် ပညာရေးမှ အောင်လက်မှတ်ရှိသူများ။

- ခေါင်းဆောင်မှု နဲ့ ပေါင်းသင်းဆက်ဆံမှု တွင် ထူးချွန်သူဖြစ် ရမည်။
- လူမှုရေး နှင့် ကျောင်းပြင်ပ အခြား လုပ်ငန်းများ တွင် အစဉ်တစိုက် တက်တက် ကြွကြွပါ ဝင် သူဖြစ်ရမည်။

(ခခ) လျှောက်ထား လိုသူများ သိစေရန်။

တက္ကသိုလ် ဘွဲ့ကြိုတန်း (undergraduate) အတွက် လျှောက်ထားသူများ အားလုံး ကို ပညာတော်သင်ဆု အတွက် အလိုအလျောက် စဉ်းစား ပေးမည်။ အချိန်တန်ပါက စကာတင် ရွေးချယ် ခံရသူများ အား အကြောင်းကြား ပါမည်။ လျှောက်ထားသူ၏ အထက်တန်း ပညာရေး ထူးချွန်မှု နှင့် လူတွေ့ စစ်ဆေးမှု တွင် ထူးချွန်မှု အပေါ်မူတည် ပြီး ပညာတော်သင်ဆု အား ရွေးချယ်မည်။

(ဂဂ) အကျိုး ခံစားခွင့်များ။

- ၄ နှစ် အထိ နှစ်စဉ် ကျောင်းလခ
- နှစ်စဉ် ထောက်ပံကြေး စင်ကာပူ ဒေါ်လာ ၅၈၀၀။
- bond မရှိပါ။ (မှတ်ချက်။ အစိုးရ မျှပေးသော ပညာရေး ဝန်ကြီးဌာန မှ ထောက်ပံကြေး ယူထားသူများ စင်ကာပူ နိုင်ငံ တွင် အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင် ပေးရမည်။)

(ဃဃ) စည်းကမ်းချက်များ။

ပညာတော်သင်ဆု ရရှိသူ သည်
- တက္ကသိုလ် ၏ ခွင့်ပြုချက်မရဘဲ အခြား မည်သည့် ပညာတော်သင်ဆု ကိုမှ ထပ်မံလျှောက်ထားခွင့် မရှိပါ။
- တက်ရောက်နေစဉ် အတွင်း ပြည်ပ သို့ ကျောင်းသား ဖလှယ်ရေး အစီအစဉ် (overseas exchange) တွင် ၆လ ထက်ပို ပြီး ပါဝင်ခွင့် မပြုပါ။
- နှစ်စဉ် အနိမ့်ဆုံး Cumulative Grade Point Average (CGPA) of 3.5 out of 5.0 ရရှိရမည်။
- ပညာရေး အဆင့် Grade Point Average ကို အောင်စာရင်း ထွက်တိုင်း ပြန်လည်သုံးသပ် မည်။
- ပညာရေး တိုးတက်မှု အဆင့် သတ်မှတ်ချက် မပြည့်မီ ပါက၄င်း၊ တက္ကသိုလ် ကျောင်းသား နှင့် မလျော်ညီသော အကျင့်စာရိတ္တ ရှိပါက၄င်း၊ ပညာတော်သင်ဆု အား အချိန်မရွေး ပြန်လည် ရုတ်သိမ်းနိုင်သည်။
- သတ်မှတ်ထားသော ဘွဲ့ မရသေးခင် ကျောင်းမှ နှုတ်ထွက် သို့မဟုတ် နှုတ်ထွက်ခိုင်းခြင်း ခံရပါက ရယူထားသော ပညာတော်သင်ဆုကြေး ငွေအား နှစ်စဉ် အတိုးနှုန်း ၁၀% (နှစ်ထပ်တိုး) ဖြင့် ပြန်လည် ပေးဆပ်ရမည်။



Credit: Henry Cheng

Viewing all articles
Browse latest Browse all 98

Trending Articles